ဦးဝင်းထိန်ရဲ့ ၁၂၄ (က) အမှုပြင်ဆင်လျှောက်ထားချက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပယ်ချ"

NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ရဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၄ (က) အမှုနဲ့ ပတ်သက်လို ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီကနေ့ (ဇူလိုင် ၂၁ ရက်) မှာ ပယ်ချလိုက်တယ်လို အမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းများအရ သိရပါတယ်။

ဦးဝင်းထိန်ကို ၎င်းပုဒ်မနဲ့ နေပြည်တော် သီးသန့်တရားရုံးက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၉ ရက်မှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာပါ။

အဲဒီအမိန့်အပေါ် ဦးဝင်းထိန်ရဲ့ ရှေ့နေတွေက တိုင်းတရားလွှတ်တော်အဆင့်ကို အယူခံတင်ခဲ့ရာမှာ ပယ်ချခံရတာကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ရာဇဝတ်ပြင်ဆင်မှု ထပ်တက်ရာမှာလည်း ထပ်မံပယ်ချလိုက်တာဖြစ်တယ်လို သိရပါတယ်။
#mhtnews

Post a Comment

Previous Post Next Post