သောင်းကျန်းသူခေါင်းဆောင်တွေရဲ့ကိုယ်ကျိုးအတ္တ

 နယ်ဒါးမြ က အခုလို တပ်ကို
အမြစ်ပြတ်ချေမှုန်းမယ်လို့ တင်ထား ကြွေး
ကြော်ထားတာတွေ့ တော့ ဆွန်ဇု ရဲ့ စစ်ပညာ
ကျမ်းထဲ က စစ်ရေးဆိုင်ရာ သီအိုရီ အချို့ကို
ပြန်အမှတ်ရစေတယ်။

ဆွန်ဇု က
"တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ဆင်နိုင်သူတိုင်း အကောင်းဆုံးအတော်ဆုံးဟု မဆို ထိုက်သေးချေ။မတိုက်ရပဲနှင့် ရန်သူ့အင်အားကို ချိုးနှိမ်အညံ့ခံလာရအောင် လုပ်နိုင် သူသည်သာ အကောင်းတကာ့ အကောင်းဆုံး အတော်ဆုံးဟု ဆိုထိုက်ပေသည်။

စစ်တိုက်ရာတွင် ထိပ်တန်းအကောင်းဆုံးနည်းလမ်းကား ဗျူဟာမြောက်နည်း ပရိယာယ်ဆင်ခြင်းဖြင့် ရန်သူကို မတိုက်ခိုက်ရပဲ ချိုးနှိမ်အောင်နိုင်ခြင်းဖြစ်၏။ ဒုတိယ နည်းလမ်းကား သံရေးတမန်ရေးအရ ရန်သူ၏မဟာမိတ်များကို သပ်လျှိုဖြိုခွင်းပြီး ချိုးနှိမ်အောင်နိုင်ခြင်းဖြစ်၏။

အညံ့ဆုံးစစ်နည်းဗျူဟာ ဆိုတာ ရန်သူ့ စခန်းကို
ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခြင်းဖြစ်ပြီး 
အကောင်းဆုံး စစ်နည်းဗျူဟာ ဆိုတာ ရန်သူ့
စခန်း ကို ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်စရာ မလို
ဘဲ ရန်သူ က အလိုလို လက်နက်ချအောင်
လုပ်ဆောင်နိုင်ခြင်း ဖြစ်၏" လို့ ဆိုထားပါတယ်။

ဒါကြောင့် ဆွန်ဇု ရဲ့ စစ်ပညာကျမ်း ဒီသီအိုရီ
တွေ အရ ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ 
လောက်ထဲ က စစ် မှာ နိုင်ငံရေးအရ ဆွေးနွေး
ညှိနှိုင်း အဖြေရှာမှုတွေ စည်းရုံးလုပ်ဆောင်
မှုတွေ ဝါဒဖြန့်ချိရေးတွေ စိတ်ဓာတ်စစ်ဆင်
ရေးတွေ သူလျှိုထည့်ပြီး အင်အားပြိုကွဲအောင်
လုပ်ရမှာတွေ အကုန် ရောပြွန်းပြီး ပါဝင်နေတာ
ကို တွေ့ရမယ်။

မတတ်သာတဲ့အဆုံးမှသာ ရင်ဆိုင်တိုက်ပွဲတွေ
ယှဥ်နွှဲပြီး အမြစ်ပြတ်ချေမှူန်းရေး ကို ဦးတည်
ဆောင်ရွက်ကြတာ တွေ့ရမယ်။

ဒါပေမဲ့ မြန်မာပြည်မှာ က ဒီလို မဟုတ်ဘူး။
တစ်ဖက်နဲ့ တစ်ဖက် အညံ့ဆုံးစစ်နည်းဗျုဟာ
တွေ ရွေးချယ်ပြီး ရင်ဆိုင်တိုက်ခိုက်ဖို့ပဲ ဦးတည်
ခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ဘယ်သူမှ
လည်း အမြစ်မပြတ်ဘူး။ပြည်သူ ကပဲ ငတ်တစ်
လှည့် ပြတ်တစ်လှည့်နဲ့ အသက်အိုးအိမ်စည်း
စိမ်တွေ ဆုံးရှူံးနေကြရတယ်။တိုင်းပြည်လည်း
ဒီ ပြည်တွင်းစစ်ကြောင့် အညွန့်မတတ်တော့ဘူး။

ဒါတွေ ကို ပြန်ဆန်းစစ်ဖူးသလား။သုတေသန 
ပြုဖူးကြလား လို့ မေးရင် အားလုံး မှာ ဖြေစရာ အဖြေမရှိကြဘူး။

သေချာတာက တော့ ခေါင်းဆောင်
တွေရဲ့ ကိုယ်ကျိုး အတ္တ လို့ ဆိုချင်တယ်။အခု
ထုတ်ပြောတဲ့ KNDO ခေါင်းဆောင် နယ်ဒါးမြ
ဟာ မြန်မာနိုင်ငံသား မဟုတ်သလို ယိုဒယား
နိုင်ငံသား ခံယူထားသူတစ်ဦး ဖြစ်ပါတယ်။

ဒီလိုပါပဲ AA ခေါင်းဆောင်ထွန်းမြတ်နိုင် နဲ့
AA ထိပ်သီးခေါင်းဆောင်နဲ့ သူတို့မိသားစုဝင်
၃၇ ဦး ဆွစ်ဇာလန် နိုင်ငံ ခံယူထားသူတွေ လို့
သိရတယ်။KIA/KIO ခေါင်းဆောင် အန်ဘန်လ
ဂွမ်မော် နဲ့ သူတို့ မိသားစု တွေ ဟာလည်း 
မြန်မာနိုင်ငံသား ကချင်တွေ မဟုတ်ကြတော့။
တရုတ်နိုင်ငံသား ခံယူထားသူတွေ ဖြစ်တယ်လို့ 
MSS ရဲ့ လျှို့ဝှက်အစီရင်ခံစာတွေ အရသိရတယ်။

သောင်ကျန်းသူ ခေါင်းဆောင်ပိုင်းတွေဟာ
သူတို့နဲ့ သူတို့ မိသားစုတွေ သားစဥ်မြေးဆက်
အကျိုးစီးပွားအတွက် ရေရှည်ရပ်တည်နိုင်
အောင် အချက် ( ၂ ) ချက်နဲ့ လုပ်ဆောင်နေ
ကြတယ်။ဒီ ၂ ချက် က
( ၁ ) လူမျိုးရေး အခြေခံပြီး စစ်စည်းရုံးမှု
ပြုထားတယ်။
( ၂ ) ဒီမိုကရေစီ အတွက် စစ်အာဏာရှင်စနစ်
တော်လှန်မယ် ဆိုပြီး စစ်စည်းရုံးပြုထား
တယ်။  

ဒီ ( ၂ ) ချက်ကိုတော့ အသေးစိပ်ပြန်မရှင်း
တော့ဘူး။အရှည်ကိုတော့ ဂျယ်နယ်မှာ ပဲ
ရေးတော့မယ်။အဓိက တော့ ဒီ ( ၂ ) ချက်
ဟာ နှစ်ပေါင်းများစွာတိုင် အောင် မသိနား
မလဲ တဲ့ တိုင်းရင်းသားပြည်သူတွေ ကို
ဂျင်း ကျွေးထားနိုင်ခဲ့တာတော့ အမှန်ပဲ။

သေချာတာကတော့ ဘယ်ခေါင်းဆောင်မှ
တော့ လူမျိုးကို ချစ်လို့ ဒီမိုကရေစီလိုချင်လို့
ဖက်ဒရယ်လိုချင်လို့ လက်နက်ကိုင်နေကြ
တာတော့ မဟုတ်ဘူး။

အားလုံးဟာ မြန်မာနိုင်ငံသား မဟုတ်တော့
တဲ့ မြန်မာပြည်မှာ ရှိမနေတဲ့ သောင်းကျန်းသူ
​ေခါင်းဆောင်ပိုင်း တွေရဲ့ အတ္တကိုယ်ကျိုး
စီးပွား ကြောင့်လက်နက်ကိုင်လမ်းစဥ် ကို 
အရသာတွေ့နေကြတာ ဖြစ်ပါတယ်။

သိပ်ပြီး ကိုယ့်ပြည်သူကို ချစ်ကြတယ်ဆို
ရင် ကျွန်တော် အထက်မှာ ဆိုခဲ့သလို ပဲ။
ဆွန်ဇု ရဲ့ စစ်ရေးသီအိုရီ အရ ဘယ်သူ မှ
စစ်ရေးနည်းလမ်း ကို ရွေးချယ်ကြမှာ မဟုတ်
ဘူး။အကောင်းဆုံးနည်းလမ်း ဖြစ်တဲ့
နိုင်ငံရေး နည်းလမ်းအရ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲ ကြီး လမ်းပွင့်နေတာတောင်
ကျောခိုင်းနေကြတာ ကြည့်ရင် သူတို့ရဲ့
ကိုယ်ကျိုးအတ္တ အကုသိုလ် က ဘယ်လောက်
အထိ များနေသလဲ ဆိုတာ အထူးပြောနေ
စရာ လိုမယ်မထင်ပါဘူး။

စာကိုး

စံလှိုင် ၏ ဆွန်ဇုစစ်ပညာကျမ်း

အောင်နိုင်သူ

Post a Comment

Previous Post Next Post