ဖားကန့်မြို့နယ် တံတားညီနောင် နှင့်ပျားအုံသွား လမ်းပိုင်းတွင် ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ ခုနှစ်ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် တံတားညီနောင်နှင့် ပျားလုံး စုပေါင်းဂိတ် ကြားတွင် ယနေ့‌နံနက်ပိုင်း ၁၁နာရီအချိန်ခန့်က ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ ခုနှစ်ဦးအား KIAအဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဖားကန့်မြို့နယ် ကာမိုင်းမြို့မှ ဖားကန့်သို့ တရားခံများ ရုံးထုတ်စစ်ဆေးရန် သွားရောက်သည့်အခါ၌ တံတားညီနောင်နှင့် ပျားအုံးကျေးရွာ ကြားခုလပ် လမ်းတစ်နေရာတွင် KIA လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

"ဒီကနေ့ မနက် ၁၁နာရီအချိန်မှာ ကာမိုင်းမြို့ကနေ ဖားကန့်မြို့နယ် တရားရုံးကို တရားခံ ရုံးထုတ်စစ်ဆေးဖို့ သက်သေထွက်ဆိုရန် သွားတဲ့ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ ခုနှစ်ဦးကို KIAအဖွဲ့က တံတားညီနောင်နဲ့ ပျားအုံ မရောက်ခင်တောလမ်း တစ်နေရာမှာ ဖမ်းဆီးသွားတယ် လက်နက်တွေ ပါသွားလား အတိကျတော့မသိဘူး "ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာမိုင်းမြို့ ရဲတပ်ဖွဲများနှင့် တစ်စုံတရာ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း၌ ၂၀၂၁ခုနှစ်နိုဝင်ဘာ လအတွင်းကလည်း ဖားကန့်မြို့နယ်အတွင်းက ရဲတပ်ဖွဲဝင် သုံးဦး အလာတူဖမ်းဆီးခံခဲ့ရပြီး ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၏ ညှိ့နှိုင်း‌ေဆွး‌ေနွးမှုဖြင့်ပြန်လည်လွတ်မြောက်လာ‌ခဲ့ကြောင်းသိရသည်။

မြတ်မင်း

#NewVisionMedia #KIA

Post a Comment

Previous Post Next Post