ဇော်မြင့်မောင်အား ပုဒ်မ ၁၃၀(က)အမှုအတွက် ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်

ယနေ့ ချမှတ်လိုက်သည့် ပုဒ်မ
 ၁၃၀(က)အမှုသည် ဇော်မြင့်မောင်အနေဖြင့် နောက်ဆုံးတရား ရင်ဆိုင်ရသည့် အမှုဖြစ်သည်။
 ပုဒ်မကိုးခုဖြင့် ဖမ်းဆီးစွဲဆိုထားသော ပုဒ်မ ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေးပုဒ်မအတွက် ထောင်ဒဏ် နှစ်နှစ်၊ အမရပူရ မြို့နယ်အတွင်း မဲမသမာမှု ပြုလုပ်သည် စွဲထားသော ပုဒ်မ၁၇၁(စ)အမှုအတွက် ထောင်ဒဏ် တစ်နှစ်၊ အောင်မြေသာစံမြို့နယ်အတွင်း မဲမသမာမှုပြုလုပ်သည်စွဲထားသော ပုဒ်မ ၁၃၀(က) အမှုအတွက် ထောင်ဒဏ် သုံးနှစ်၊ အဂတိအမှု ငါးမှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ် ချမှတ်ပြီးဖြစ်သည်
#DGF21News

Post a Comment

Previous Post Next Post