ဒီအချိန်မှာ လက်ခံသင့်သလား?


ဟာစီနာက ကမ္ဘောဒီးယားသွားပြီး
ဘာသာခြားတွေကို လက်ခံဘို့ပြောတယ်။

ဟာစီနာက ဂျပန်ကိုသွားပြီး
ဘာသာခြားကို လက်ခံဘို့ပြောတယ်။

အခု လက်ခံတော့မယ်တဲ့
စက်တင်ဘာလနောက်ဆုံးထားပြီး ပြင်ဆင်ထားပါတဲ့။

တစ်ပါတ်ကို တောင်ပြိုလက်ဝဲစခန်းကလူဦးရေ ၁၅၀၊ငါးခူရစခန်းက လူဦးရေ ၃၀၀ လက်ခံဘို့စီစဉ်ထားတယ်လို့ ဆိုတယ်။

အဲ့ဒီလူတွေကို
ပန်းတောပြင် ၊ လှဖိုးခေါင် ၊ သဲချောင်း ၊ကျောက်လှေခါး၊သက္ကယ်ပြင် ၊ဒါးကြီးစား၊ စံပယ်ကုန်း၊ ဒိုးတန်း၊ဘက္ကာ ဂုံးနား၊ကြိမ်ချောင်း၊ကျောက်ပြင်ဆိပ်၊ပွင့်ဖြူချောင်း၊ ဆောင်ပိုင်ညာ၊ကျွန်းပေါက်ပြုစု၊မြို့မိချောင်းနဲ့သဲချောင်း (မော်လဝီ)ကျေးရွာတွေမှာ နေထိုင်ဘို့ နေရာချထားပေးမှာ လို့ ဆိုတယ်။

ကျနော့်အမြင်ကတော့
လက်ရှိ ကာလသည် ပြည်တွင်း/ပြည်ပဖိအားအမျိုးမျိုးကြောင့် အကြပ်အတည်းတွေဖြစ်ပေါ်နေတဲ့ အချိန်ဖြစ်တယ်
ဒီလို အချိန်မျိုးမှာ ဒီလူတွေကိုပြန်ပြီး လက်သင့်မခံသင့်သေးဘူးလို့ ထင်တယ်။

ဘာကြောင့်လဲဆိုတော့

၁။ နစက အစိုးရကို UN ကစပြီး အာဆီယံနိုင်ငံတွေက အသိအမှတ် မပြုထားဘူး။

၂။ နစက အစိုးရဟာ အိမ်စောင့်အစိုးရပဲဖြစ်တယ်။သက်တမ်းက ၂ နှစ်ပဲရှိတယ်။ အိမ်စောင့်အစိုးရရဲ့ အဓိကတာဝန်ဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားမျှတတဲ့ရွေးကောက်ပွဲ လုပ်ပေးဘို့ပဲ ဖြစ်တယ်။ဒါကြောင့် လူမျိုးခြားတွေ လက်ခံခြင်း၊ မခံခြင်းဟာ နောင်ပေါ်ပေါက်လာမဲ့
အစိုးရကပဲ လုပ်သင့်တယ်။

၃။ မြန်မာအဖွဲ့ရဲ့ တင်ပြချက်ကို ICJ က ပယ်ချတော့ဝမ်းသာကြောင်း ပြောသူတွေဟာ ဒီလူတွေပဲဖြစ်တယ်။
မြန်မာနိုင်ငံမှာ လာနေပြီး မြန်မာနိုင်ငံရဲ့ ကျေးဇူးကို မဆပ်ဘဲ ၊ မြန်မာနိုင်ငံပျက်စီးရေး ဝမ်းသာနေသူတွေကို လက်မခံသင့်ဘူး။

၄။ အဓိက အရေးကြီးဆုံးက ပြန်လည်ဝင်ရောက်လာသူတွေကို ULA/AA နဲ့ ARSA အဖွဲ့က စည်းရုံးပြီးတပ်မတော်
ကို ပြန်လည်တိုက်ခိုက်လာနိုင်တယ်။(AA ဟာ ဘင်္ဂါလီတွေကို AA ထဲဝင်ခိုင်းထားတဲ့ ဓာတ်ပုံဟာ သက်သေပဲ)

ပြောချင်တာက

UK နိုင်ငံဟာ သူ့နိုင်ငံထဲ ဝင်ရောက်လာသူတွေကို သူ့နိုင်ငံမှာ မထားဘဲ ရဝမ်ဒါလို နိုင်ငံကို ပို့ပစ်သလို

US သည်လည်း သူ့နိုင်ငံထဲ ဝင်ရောက်လာသူတွေကို အလွယ်တကူ လက်မခံကြဘူး။

ဒါကြောင့်
မြွေပွေး ခါးပိုက် ပိုက်ရမဲ့ အလုပ်ကို နစက မလုပ်သင့်ဘူးလို့ သုံးသပ်မိပါတယ်။

သတင်းစာရှင်းလင်းပွဲ တက်ရောက်တဲ့ သတင်းထောက်တွေအနေနဲ့လည်း ပြည်သူတွေရဲ့ သဘောထားကို တပ်ချုပ်ကြီးသိအောင် ပြောပြသင့်တယ်လို့ အကြံပြုလိုပါတယ်။

(ဆီမီးအိမ်)


Copy😎

Post a Comment

Previous Post Next Post