အရံနိုင်ငံခြားငွေကိုလက်နက်ဖြင့်သုံးလာကြပြီ..

.
         #လက်နက်တခုဖြစ်လာတဲ့
                 #နိုင်ငံခြားအရံငွေ



Forex ဆိုတာ Foreign Exchange ရဲ့
အတိုကောက်ပါ၊

Forex Reserve ဆိုတာကျတော့
နိုင်ငံခြားအရံငွေကိုဆိုလိုပါတယ်၊
- ငွေသား
- ဘွန်း
- ငွေတိုက်စာချုပ်တွေ
... စသဖြင့် အစုအပေါင်းဖြစ်ပါတယ်၊

(၂) ခုကိုလေ့လာတဲ့အခါမှာ
တူညီတာတခုကတော့
တရုတ်မှာ နိုင်ငံခြားငွေ အရံအများဆုံးဖြစ်ပြီး
$ 3.3 Trillion ရှိနေတယ်၊

ပထမပုံမှာ
ဒုတိယအများဆုံးက ဂျပန်လိုဖေါ်ပြထားပြီး
ဒုတိယပုံအရဆိုရင်တော့ အိန္ဒိယက
$ 619 Billion နဲ့ ဒုတိယ အများဆုံးဆိုတာ
တွေ့လာရတယ်၊

သာမန်အချိန်မျိုးမှာ
စိတ်ဝင်စားစရာ မကောင်းပေမဲ့
အခုလို ကမ္ဘာကြီး အိုးထိမ်းစက်ထဲ
ရောက်နေတဲ့အချိန်မှာတော့
Forex  Reserve ဟာ
အင်မတန်အရေးကြီးတဲ့
လက်နက်တခုအဖြစ် အသုံးဝင်လာတယ်၊

#NayZinLatt  ( 21.7.22 ) 🤓


Post a Comment

Previous Post Next Post