မြန်မာ့နိုင်ငံရေး လျှို့ဝှက်ချက်က ဘာတွေလဲ...?

မြန်မာ့နိုင်ငံရေးက မှော်ဆန်လွန်းပြီး လျှို့ဝှက်ချက်သိပ်များပါတယ်။

ရေထဲ မြှုပ်နေတဲ့ ရေခဲတုံးကြီး တစ်တုံးနဲ့ ဥပမာ ပေးရရင်တော့ 
ရေပေါ်မှာ မြင်နေရတဲ့အပိုင်းက 
မဲမသမာမှု လို့ သဘောထားမယ် ဆိုရင်

လူတွေမမြင်ရတဲ့ ရေအောက်မှာ 
နစ်မြှပ်နေတဲ့ အပိုင်းက ပထဝီ နိုင်ငံရေး ( Geopolitic) ပေါ့။

ရွေးချယ်ခွင့် ငြင်းပယ်ခွင့် ပြင်ဆင်ခွင့် မရှိတဲ့ 
ပထဝီနိုင်ငံရေး အကြောင်း 
ကျွန်တော် မကြာခဏ ရေးခဲ့ဖူးပါတယ်။

ဒါပေမယ့် ဦးသိန်းစိန် ခေတ် ရော NLD ခေတ်မှာပါ 
Geopolitic ပထဝီနိုင်ငံရေးကို အလေးမထားခဲ့ကြဘူး။
.
ဦးသိန်းစိန် ခေတ်မှာ လောက်ကိုင် မုံးကိုးလို 
တိုက်ပွဲကြီးတွေ ဖြစ်ခဲ့ရတာဟာ 
မြန်မာနိုင်ငံကို အိုဘားမာ နှစ်ကြိမ် လာရောက်လည်ပတ်ခဲ့မှုနဲ့ 
လစ်ဘရယ်ဆန် တဲ့ NLD ကို နိုင်ငံရေး လောကထဲ 
ဆွဲထည့်ခဲ့မှုအပေါ်ကို တရုတ် ရဲ့ မနှစ်မြှို့မှုက 
ဒီလိုတိုက်ပွဲကြီးတွေ ဖော်ဆောင်ခံလိုက်ရတာပါပဲ။

NLD ခေတ်မှာ လည်း သမ္မတရှီ ရောက်လာလို့ 
တရုတ် မြန်မာ ဆက်ဆံရေး ကောင်းမွန်တယ်လို့ 
အပြင်ပမ်းက ယူဆစရာရှိပေမယ့် ရှီတစ်ယောက်
တရုတ်အပြန်မှာ ( FSB)တရုတ်ထောက်လှန်ရေး 
အစီရင်ခံစာတွေ အရ 
CIA ရှေ့တန်းတိုက်စားမှူး လို့ တင်စားခေါ်ဝေါ်ကြတဲ့  
ဂျော့ဆိုးရော့နဲ့ ဒေါ်စု ကြား ရင်းနှီးတဲ့ ဆက်ဆံရေးကတဆင့် 
နိုင်ငံရေး လျှို့ဝှက် သဘောတူညီမှုတွေ၊ 
ဗြိတိသျှသူလျှိုလို့ ယူဆရတဲ့ ဂျိုးဖစ်ရှာကို  အကြံပေးခန့်အပ်ခဲ့မှု ၊ 
ရှောင်တယ်နာ ကို စီးပွားရေး အကြံပေးခန့်ခဲ့မှု ၊ 
ဆိုးရော့ တပည့် လူယုံ ဦးသောင်းထွန်းကို 
ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ ဝန်ကြီးခန့်အပ်ခဲ့မှုနဲ့ 
မြန်မာနိုင်ငံတစ်ဝှမ်း ရှိ NGO INGO အမည်ခံ 
CIA ဆဲလ် အဖွဲ့ပေါင်းရာချီ ရှိနေတယ် ဆိုတဲ့
အစီရင်ခံစာ လည်းတွေ့ရော 
သမ္မတရှီကျင်းဖျင် တစ်ယောက် အံ့သြမှင်သတ် သွားခဲ့တယ်တဲ့။

ဒါက မှော်ဆန်တဲ့ မြန်မာ့ နိုင်ငံရေး နောက်ကွယ်က 
အကြောင်းအရာ ပါးပါးလေးပဲ ရှိပါသေးတယ်။
မြန်မာ့ရွေးကောက်ပွဲ မှာ NLD ပြန်လည် အနိုင်ရဖို့ အတွက် 
CIA နဲ့ OIC တို့ က ဒေါ်လာ ၁၇၆ သန်း သုံးခဲ့တာမျိုးကလည်း ရှိခဲ့သေးတယ်။

ဆိုးရော့ကတော့
 NLD အာဏာရဖို့အတွက် သူတာဝန်ကျေ ခဲ့ပါပြီးလို့ 
မီဒီယာ တစ်ခု ဖြေကြားဖူးပါတယ်။

နောက်ထပ် ချရေးပြရရင်
အမေရိကန်ဆီကို ပြည်သူမသိ လွှတ်တော်မသိဘဲ 
ဒေါ်လာတစ်ဘီလီယံ ရောက်နေခဲ့တာ။

အာဏာထိန်းတဲ့ ညက ဒေါ်စုက သူ့လက်ကိုင်ဖုန်းတွေကို 
ဖျက်ဆီးပစ်ခဲ့တာ။

ဗြိတိန်ထောက်လှန်ရေးက စနစ်တကျမွေးမြူထားတဲ့ 
မိုးကျရွှေကိုယ်ဒေါက်တာဆာဆာ တစ်ယောက် 
အချိန်ကိုက်ပေါ်လာတာ။ 

စစ်အစိုးရ ခေတ် CIA သူလျှိုလို့ စွပ်စွဲခံထားရတဲ့ 
စာရေးဆရာ ဘန်တေးလစ်တနာရဲ့ 
G-z တို့ အောင်ပွဲဆိုတဲ့ လိုင်းပေါ်က ဆောင်းပါး တစ်ပုဒ်ကြောင့်
G-z တွေ လမ်းပေါ်ကို အုံးအုံးထ ထွက်လာခဲ့တာ။

CDM အတွက် OIC နဲ့ CIA တို့ ဒေါ်လာသန်း ၅၀၀ လောက်သုံးခဲ့ကြတာ။
EAO တစ်ဖွဲ့ကို ဒေါ်လာ သန်း ၂၀ စီ 
ထောက်ပံ့ ပေးခဲ့တာတွေကတော့ 
ပဉ္စလက်ဆန်တဲ့ မြန်မာ့နိုင်ငံရေး ရဲ့ လှည့်ကွက်တွေပါပဲ။

ဒါပေမယ့် 
နွေဦးတော်လှန်ရေးက ဟောလိဝုဒ် ဇာတ်ညွှန်းတွေနဲ့အတူ ဟောင်ကောင် မော်ဒယ်ယူပြီး 
ပြင်းပြင်းထန်ထန် တုံ့ပြန်လာလိုက်ကြတာ 
တိုင်းပြည်လည်း ကွေးကောက်သွားတာပဲ။ 
အခုတော့မောသွားလောက်ပြီ။ 
မီးစာကုန် ရေခန်းသွားကြပြီမို့ ပုံမှန် အခြေအနေဆီကို 
တစ်ပတ်ပြန်လည်လာခဲ့ပါပြီ။ 
အကြမ်းဖက် လုပ်ကြံသတ်ဖျက်မှုတွေကတော့ 
အနည်းကျဉ်းရှိနေဆဲပါ။

စိတ်မကောင်းစရာ ကောင်းတာကတော့ နစက ခင်ဗျာ 
မဲမသမာမှုကလွဲရင် အထက်မှာ ဖော်ပြခဲ့တဲ့ 
နိုင်ငံရေး လျှို့ဝှက်ချက်တွေကို 
ထုတ်ဖော်ပြောဆိုခွင့် မရှိတာပါပဲ။ 
ဒါဟာ အင်အားနည်းနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ 
နိုင်ငံခြားရေးဆိုင်ရာ မူဝါဒပါပဲ။

ဒီမူဝါဒကတော့
နိုင်ငံရေး သိပ္ပံပညာရှင်များ ပြောလေ့ရှိတဲ့ 
ထုတ်ဖော်ကြေညာခွင့်ရှိတဲ့ နိုင်ငံခြားရေးမူဝါဒ 
( Declared Forein Policy) နဲ့ 
ထုတ်ဖော်ကြေညာခွင့်မရှိတဲ့ နိုင်ငံခြားရေးမူဝါဒ  ( Undeclared Forein Policy) နှစ်မျိုး အနက် 
နစက အစိုးရ ရင်ဆိုင်နေရတာက 
ထုတ်ဖော်ကြေညာခွင့်မရှိတဲ့ နိုင်ငံခြားရေးမူဝါဒ  
( Undeclared ForeinPolicy) အရ 
ရေငုံနှုတ်ပိတ်နေလိုက်ရတာပဲ ဖြစ်ပါတယ်။

အခုတော့ မြန်မာ့နိုင်ငံရေးရဲ့ 
နောက်ကွယ်က အကြောင်းတရားများကို မသိကြတဲ့ 
သာမာန်ပြည်သူများဟာလည်း သူတို့မဲတစ်ပြားကြောင့်
အသည်းကွဲနေကြတာကို တွေ့ရပြန်တော့ 
စိတ်မကောင်းဖြစ်ရပါတယ်။

ဒါကြောင့် ဒီပို့စ် ရေးရတဲ့ ရည်ရွယ်ချက်က 
အနီရော အစိမ်းပါ ခံစားချက်နောက်လိုက်ပြီး 
အမှားတွေ ဆက်မကျူးလွန်ကြပဲ 
နိုင်ငံရေး ဥာဏ်မီ အောင် ကြိုးစားလေ့လာရင်း 
လမ်းမှန်ပေါ်ရောက်အောင် တွေးခေါ်နိုင်ဖို့အတွက် 
ရေးရခြင်း ဖြစ်ပါတယ်။ 

Geopoliticအရ အမေရိကန်ကို မေ့ထားလို့ရပေမယ့် 
တရုတ်ကိုတော့ မဆက်ဆံလို့ မရဘူးဆိုတာကိုတော့ 
သဘောပေါက်ကြစေချင်တယ်။

နောက်ဆုံးအနေနဲ့
ဗြိတိသျှနိုင်ငံရေးသုခမိန် နဲ့ နိုင်ငံခြားဝန်ကြီး ဖြစ်ခဲ့သူ 
လော့ဒ်ပါမဲစတန် စကားနဲ့ အဆုံးသတ်ပါရေစ။

ဒီစကားလေးကတော့
" နိုင်ငံတကာ ဆက်ဆံရေးမှာ အမြဲတမ်းရန်သူ ၊ 
အမြဲတမ်း မိတ်ဆွေဟူ၍မရှိ၊ 
အမြဲတမ်းအကျိုး စီးပွားသာ ရှိတယ်" တဲ့။

ဒီလောက်ဆို  မြန်မာ့နိုင်ငံရေး ရဲ့ လျှို့ဝှက်ချက်ကို သဘောပေါက်လောက်မယ် ထင်ပါတယ်။

#စာကိုး
နေဇင်လတ်ရဲ့ တစ်မွန်းတည့်နိုင်ငံရေး 
ဟောလိဝုဒ် နွေဦးတော်လှန်ရေးပြဇာတ်

ဦးကိုကိုလှိုင်ရဲ့ ပထဝီနိုင်ငံရေးနှင့် အတွေးအမြင်ဆောင်းပါးများ

KoThetKa(28,7,2022 )

Post a Comment

Previous Post Next Post