သီရိလင်္ကာက ပေးတဲ့ သင်ခန်းစာ



နိုင်ငံတနိုင်ငံကို အုပ်ချုပ်တဲ့ နေရာမှာ အုပ်ချုပ်သူအစိုးရအနေနဲ့ အရေးကြီးဆုံး အချက်က ဘာလဲဆိုတာကို သတိပြုမိဖို သီရိလင်္ကာက မီးမောင်းထိုးပြသွားခဲ့တယ်။ 

ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုပြီး အုပ်ချုပ်တဲ့ နိုင်ငံတွေ ရှိသလို ကွန်မြူနစ်စနစ်ကျင့်သုံးပြီး စီးပွားရေး တိုးတက်နေတဲ့ တရုတ်နိုင်ငံတိုလည်း ရှိနေခဲ့ကြတယ်။ ပြောချင်တာက ဘယ်စနစ်ကို ကျင့်သုံးပါစေ ၊ ပြည်သူ့ပြည်သားတွေရဲ့ စားဝတ်နေရေး ချောင်လည်စေမှုက နံပါတ်တစ် အရေးကြီးဆုံးဖြစ်တယ်ဆိုတာရယ် နိုင်ငံတနိုင်ငံအတွက်  စီးပွားရေးအားကောင်းဖိုလိုတယ်ဆိုတဲ့ အချက်ကို ထောက်ပြလိုခြင်းသာ ဖြစ်တယ်။ 


ဒီနေရာမှာလည်း ရေတို စနစ်နဲ့ ရေရှည်စနစ်ဆိုပြီး နှစ်ပိုင်းကွဲသွားတယ်။ နိုင်ငံရေးသမားပီသသူတွေကတော့ လက်ငင်းပြည်သူတွေ ခံစားရတဲ့ လုပ်ငန်းတွေကို ဦးစားပေးဖော်ဆောင်ကြတယ်။ ဥပမာ ကတ္တရာလမ်း တခု ဖြစ်လာဖို မြေသားလမ်း၊ ဂဝံလမ်း၊ ကတ္တရာလမ်းဆိုပြီး အရင်အစိုးရအဆက်ဆက် တည်ဆောက်ခဲ့တဲ့ အခြေခံ Structure ပေါ်မှာ ထပ်ပိုး ကတ္တရာအခင်းပြပြီး ငါတိုအစိုးရလက်ထက်မှာမှ ဒီလို လမ်းတွေပေါ်ပေါက်လာတာဆိုတဲ့ ဂုဏ်ဆာမှုတွေပဲဖြစ်တယ်။ မသိရင်တော့ ဒီ ၅ နှစ်မှာမှ ကတ္တရာလမ်းကြီး ဥုံဖွဆိုပြီး ပေါ်လာသလိုပေါ့။ နိုင်ငံရေးသမားတွေတိုင်းမှာ ပြည်သူကို ပျားရည်နဲ့ဝမ်းချတတ်တဲ့ ဒီလို ပါးရည်နပ်မှုလည်း လိုအပ်တယ်ဆိုတာ ပြောပြလိုရင်းဖြစ်တယ်။ ကိုယ်က ဘယ်လောက်ပဲ နိုင်ငံအတွက် စေတနာကောင်းကောင်းနဲ့ လုပ်နေပါစေ၊ ပြည်သူတွေအမြင်မှာ ထင်သာမြင်သာရှိစေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ပြဖိုလိုအပ်တယ်။


ပြောချင်တာကတော့ ပြည်သူတွေရဲ့ အခြေခံစားဝတ်နေရေးကို ပြေလည်အောင်ဖြည့်ဆည်းပေးနိုင်သရွေ့ သီရိလင်္ကာ နိုင်ငံလို ဖြစ်လာစရာ အကြောင်းမရှိဘူး။ နိုင်ငံတနိုင်ငံအတွက်  စီးပွားရေးအဆင်ပြေဖိုလိုတယ်။  မဟုတ်ရင်တော့ ခုဥရောပနိုင်ငံတွေမှာ ဆန္ဒပြမှုတွေ ဖြစ်နေသလိုမျိုး ပဲ အမျိုးမျိုးသော ခေါင်းစဉ်နဲ့ အစိုးရကို ဆန့်ကျင်ကြမှာ ဖြစ်တယ်။ လူထုရဲ့ စိတ်ခံစားမှုဟာ ဒီ စား/ဝတ်/နေရေးတွေမှာပဲ အခြေခံတာဖြစ်လို အစိုးရတရပ်ပြုတ်ကျစေတဲ့အထိ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို အထူးဂရုပြုဖွယ် ဖြစ်ပါတယ်။



Post a Comment

Previous Post Next Post