ICJကိုအတုယူရမယ်


ICJ ကြားနာပွဲမှာ
မြန်မာက တင်တဲ့ ၄ချက်စလုံးကို ပယ်ချတယ်..တဲ့
ဖျတ်ကနဲ ကြည့်လိုက်ရင်တော့
ဟာ...မြန်မာတော့ သွားပြီပေါ့
သေချာ စေ့စေ့ တွေးကြည့်မှ မြင်လိုက်တယ်
ICJ က SAC ကို နမူနာပြ လမ်းညွှန်လိုက်တာပါလားဆိုတာပဲ..😀
ICI တရားရုံးဆိုတဲ့အတိုင်း
တရားမျှတမှုနဲ့ အဆုံးအဖြတ်ပေးရမှာကို
နိုင်ငံတစ်ကာဆိုတဲ့ ဖိအားနဲ့ 
မင်း မှန်တာ မှားတာ ငါတို့နားမလည်ဘူး
ငါတို့ ဆုံးဖြတ်ချင်တဲ့အတိုင်း ဆုံးဖြတ်တယ်
တရားဥပဒေဆိုတာ ပါဝါပဲကွ လို့ လုပ်ပြလိုက်တယ်
သဘောက
ပြည်တွင်းမှာ SAC က ပါဝါယူထားတာပဲ 
SAC ဘယ်လို ဆုံးဖြတ် ဆုံးဖြတ် ရတယ်ပေါ့ ဒါကတစ်ချက်...😆
ဘာမှ မဆိုင်တဲ့ဂမ်ဘီယာက 
တရားလည်းစွဲလို့ရတယ်
အဲသည်လို လုပ်ဖို့အတွက် ထောက်ပံ့တာကိုလက်ခံလို့ရတယ် တဲ့
သည်လိုပဲ SAC အနေနဲ့
အဝေးရောက် NUG တစ်ဖွဲ့လုံးကို အမှုဖွင့်တရားစွဲထားလို့ရတယ်
SAC ကို ထောက်ခံတဲ့ ရုရှားလို တရုတ်လို နိုင်ငံတွေဆီကလည်း
ငွေ နည်းပညာ ပစ္စည်း အကုန်လက်ခံလို့ရတယ် ဆိုတဲ့
နမူနာပုံစံလေး ချပြပေးလိုက်တယ် ဒါကလည်းတစ်ချက်...😀
ICJ တရားရုံးကို ဂျူရီ ၁၆ ဦး နဲ့ ဖွဲ့စည်းပြီး
အဆုံးအဖြတ်ပေးတဲ့ပုံစံ လုပ်ပြလိုက်တယ်
သဘောက SAC ရေ
မင်းတို့လည်း လူများများနဲ့ဖွဲ့စည်းပြီးလုပ်
တရားမျှတချင်ယောင်ဆောင်လို့ရအောင်တော့
ကန့်ကွက်မဲ့ ၁ယောက်လောက်ပဲ နေရာပေးထည့်ထားလိုက်ဆိုတဲ့
နားလှည့်ပါးရိုက်အကွက်ကို နမူနာပေးတာပဲ
သည်နည်းအတိုင်း SAC ဆုံးဖြတ်ချင်သမျှအတွက်လုပ်လို့ရမယ်ပေါ့
နိုင်ငံတစ်ကာအဆင့်က နမူနာပြလိုက်တယ် ဒါကတစ်ချက်...😆
ဂမ်ဘီယာနဲ့မြန်မာ ICJ ကြားနာပွဲဆိုတာဟာ
တစ်ကယ်တော့
ကိုဖီအာနန်ကော်မရှင်ရဲ့ ပြဿနာ မီးစကို
OIC က ဓာတ်ဆီလောင်းပေးနေတ​ဲ့ကိစ္စပါ
မီးစမွှေးသူက အင်းစိန်ဂျေးထဲ ရောက်နေပေမဲ့ မီးက မငြိမ်းနိုင်ဘူး
မြန်မာက မသွားလည်း မရဘူးလား ရလောက်တယ်
ဘာဖြစ်လို့လဲ
SAC ကို သူတို့က အစိုးရအဖြစ် အသိအမှတ်မပြုဘူးဆိုသကိုး
SAC ကလည်း နိုင်ငံရဲ့အိမ်စောင့်အစိုးရမို့လို့
အရင်အစိုးရရဲ့ ဆိုးမွေကို ဆက်ခံရမှာပဲလေဆိုပြီး လွှတ်တယ်
သည်တော့ လွှတ်သူက ငါဟာ အစိုးရဆိုပြီး လွှတ်တယ်
ICJ ကလည်း မြန်မာကို တွယ်လို့ရပြီဆိုပြီး
လက်ခံ ကြားနာ ဆုံးဖြတ်တယ်
အပ်ကွက်က
ICJ ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးဟာ
SAC ကို မြန်မာနိုင်ငံအစိုးရအဖြစ် အသိအမှတ်ပြုလိုက်တာပါပဲ...😆
ICJ သည် SAC ကို ဖိအားပေးဖို့အတွက်
မြန်မာတင်ပြချက်အားလုံးကို ပယ်ချပစ်လိုက်တယ်
သည်အခြင်းအရာကို ကြည့်ရင်
ICJ ဆိုတာ တရားရုံး မဟုတ်ဘူး
ဆုံးဖြတ်ချင်တာဆုံးဖြတ်တဲ့အဖွဲ့အစည်းဆိုတာ ပေါ်လွင်တယ်
သည်တော့
ရှေ့ဆက်ပြီး ICJ မှာ ဂမ်ဘီယာက တရားဆက်စွဲလည်း
မြန်မာအနေနဲ့ သွားပြီး တရားမဆိုင်လည်း ရတယ်
မြန်မာသည် ICJ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက်
ICJ ရဲ့ ဥပဒေကို လိုက်နာစရာ မရှိဘူးလေ
ICJ က ပထမဆုံး ဆင့်ခေါ်တုန်း သွားခဲ့သူတွေ
အစိုးရ ပြန်ဖြစ်ကာမှပဲ ဆက်သွားချင်သွားပလေ့စေပေါ့
ကောင်းမွေ ဆိုးမွေ လက်ခံရတာ ရှိမှာပေါ့ ဆိုပေမဲ့
အမွေ မဟုတ်တဲ့ ကြီးတော်ရဲ့အမွှေကို
ကြီးတော်ကြီးပဲ ယူသွားပါစေ လွှတ်ပေးလိုက်ယုံပါပဲ...😆
လက်ဆင့်ကမ်း တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်ဆိုတဲ့
မဟာသဘောထားကြီးမှုမျိုးက
လက်ဆင့်ကမ်းကာမှ ထားရမဲ့စိတ်ထားပါ
အခုက လက်ဆင့်ကမ်းတာဝန်ကို ယူထားတာ မဟုတ်ပါဘူး
အိမ်တစ်လုံးစလုံးကို ပေါင်စားမဲ့သူလက်ထဲက
အိမ်ဂရန်ကို ပြန်ဆွဲယူထားရသလိုမို့
ICJ ကို နိုင်ငံတစ်ကာအဆင့်ဆိုတာနဲ့အညီ
အသိအမှတ်ပြု သွားလာ ရှင်းလင်းပြီးပြီ
နိုင်ငံတစ်ကာအဆင့် မရှိမှန်းလည်း လက်တွေ့မြင်ရပြီ
ICJ က ပြလိုက်တဲ့ နမူနာတွေလည်း မြင်ခဲ့ရပြီးပြီ
ကမ္ဘာ့အဆင့် အဖွဲ့အစည်းကြီးက ရှေ့ဆောင်ပြလိုက်တဲ့အတိုင်း
စံနမူနာထားပြီး SAC က ပြည်တွင်းမှာကျင့်သုံးယုံပါပဲ
တရားဥပဒေဆိုတာ ပါဝါအရ လိုသလို သုံးလို့ရတယ်လေ
အတုယူပါ အကောင်အထည်ဖော်ပါ
ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ဖန်တီးတတ်ဖို့ပါပဲခင်ဗျား....😆

AungMyin Thu

Post a Comment

Previous Post Next Post