KFUက ပါဝင်ပတ်သတ်သူ​တွေကိုဖမ်းဆီးသင့်တယ်

ဗခ ဇော်မင်းထွန်းရဲ့ KFU နဲ့ပတ်သက်တဲ့ အင်တာဗျူး အဖြေကို နားထောင်လိုက်ရင် နစက ဟာ အိမ်စောင့်အစိုးရဖြစ်တယ် ဆိုတဲ့အချက်ကို မေ့ထားလို့မရဘူးဆိုတဲ့ အချက်ကိုပဲ သွားတွေ့မိတယ်။  NUG က ဗိုလ်နဂါးတို့လို ဆရာမချင်း လဲနိုင်အောင် ငါတို့ လုပ်ကြစို့ဆိုပြီး အောက်တန်းကျလို့မရဘူး။  Kaung For You လိုမျိုး မိဘပြည်သူတွေဆီက အလှူငွေ အတင်းအကြပ်တောင်းတာကို လစ်လျူရှူပြီး CDM ဆရာမတွေကို ဖမ်းတဲ့ကိစ္စတစ်ခုတည်းကိုပဲ NUG လို စောင်းပေးပြောနေလို့မဖြစ်ဘူး။ အဲ့တော့  နီနီစိမ်းစိမ်း တိုင်းပြည်တည်ငြိမ်ဖို့ကသာ သူ့အတွက် နံပါတ်(၁) ဖြစ်တယ်။ ဒီတော့ အရေးကြီးတဲ့ ထိပ်ပိုင်း ခေါင်တွေကိုပဲ အရေးယူပြီး ကျောင်းအပ်တဲ့ မိဘတွေကို အရေးယူခြင်းက ကင်းလွှတ်လိုက်တာက ဘာပဲ ပြောပြော သဘာဝကျတယ်။ မဟုတ်ရင် ထောင်လည်း ဆန့်မှာမဟုတ်သလို အမုန်း အာဃတတွေလည်း ဒီထက်ပိုများလာဖို့ပဲ ရှိမှာ မဟုတ်လား။
လက်ရှိ နီပေါတွေဆိုသည်မှာလည်း ကိုယ့်သားသမီးကိုသာ ပညာတတ် မဖြစ်မှာ ကြောက်တာ။ ပုန်းလျိုကွယ်လျိုး နဲ့ ထားလိုက်ကြတဲ့ Private ကျောင်းတွေမှာ သူတို့က ထိပ်ဆုံး။ ခုကိစ္စကလည်း NUG အတွက် အဓိက ငွေ ရလမ်း/ထွက်ပေါက်မို့လို့သာ အရေးယူလိုက်တာလို့ မြင်မိတယ်။ တခုတော့ ရှိတာပေါ့။ ပါဝင်ပတ်သက်တဲ့သူတွေကိုတော့ ထိထိရောက်ရောက် အရေးယူပေးပါ။ မဟုတ်ရင် ဒီထက်စော်ကားတာမျိုး ဖြစ်လာနိုင်လို့ပါ။ 

#ဖိုးစီ

Post a Comment

Previous Post Next Post