KNU​​ဆွေး​နွေးပွဲ အ​ပြောင်းအလဲဖြစ်နိုင်

KNU အနေနဲ့ အဖွဲ့တွေကွဲပြီး ခေါင်းဆောင်ပိုင်းအချင်းချင်း ရန်စောင်နေကြတာ အတော်ကြာပါပြီ... ခေတ်ကာလအနေအထားအရရော ဥက္ကဋ္ဌအနေနဲ့အသက်အရွယ်ကြီးရင့်လာတာရောကြောင့် တချို့လက်အောက်ကလူတွေရဲ့ ထိုင်ခုံမျက်စောင်းထိုးခြင်းကို ခံနေရပြီလို့ ပြောရမှာပဲ... ပြီးတော့ သူတို့ရဲ့ (၁၇) ကြိမ်မြောက် ကွန်ကရက်ကို အကြောင်းအမျိုးမျိုးနဲ့ ရွှေ့ဆိုင်းထားခြင်းဟာလည်း KNU အဖွဲ့တွေကြားက 
မသင့်မြတ်မှုတွေကို ပိုပြီးပေါ်လွင်စေတယ်... နောက်ထပ်အရေးကြီးတဲ့တစ်ချက်က ကွန်ကရက်ပြုလုပ်မယ်ဆိုရင် ပြုလုပ်မယ့်နေရာကို တပ်မဟာ (၅) ရဲ့နယ်မြေထဲမှာ ပြုလုပ်မယ်လို့သိရတော့ ပိုပြီးအံ့ဩမိတယ်...
 လက်ရှိ KNU က ခေါင်းဆောင်ပိုင်းတွေထဲမှာ တပ်မဟာ (၅) က ဘောကျော်ဟဲတို့လို လူတစ်စုလောက်ကပဲ ပြည်နယ်
မငြိမ်မသက်ဖြစ်အောင်၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်အောင် ဖန်တီးနေတာ...
နောက်ပြီး ကွန်ကရက်လုပ်မယ့်နေရာကလည်း တပ်မဟာ (၅) နယ်မြေထဲမှာဆိုတော့ သဘောရိုးနဲ့များ ဟုတ်ပါ့မလားလို့ စဉ်းစားစရာဖြစ်လာတယ်...၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့တုန်းကလည်း KNU ခေါင်းဆောင် ပဒိုမန်းရှာတစ်ယောက် မဲဆောက်ကသူ့နေအိမ်မှာ သူတို့အချင်းချင်းကပဲ လုပ်ကြံခဲ့ဖူးတာဆိုတော့ KNU ရဲ့ (၁၇) ကြိမ်မြောက် ကွန်ကရက်မှာ ထူးထူးခြားခြားအပြောင်းအလဲများ ဖြစ်လာမှာလားလို့ တွေးမြင်ယူဆမိပါတယ်...

ကိုလှ​ရွှေ

Post a Comment

Previous Post Next Post