KNU အဖွဲ့အတွင်းမှာ အာဏာလုပွဲတွေဖြစ်တော့မှာလား…?

ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသက ဥကရစ်ထစခန်းကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေတာ အားလုံးသိကြမယ်ထင်ပါတယ်…။ အဲဒီလို တိုက်ခိုက်ဖို့ကိုလည်း စလုံးကို NUG က ဘတ် ၁ သန်း ပေးထားပါတယ်…။ ဘာကြောင့် အဲဒီစခန်းကို တိုက်ရသလဲဆိုတော့ မြေပုံအရဆိုရင် ဥကရစ်ထက အရေးပါတဲ့ နေရာတစ်ခုဖြစ်တယ်…။ ဥကရစ်ထကိုရရင် မြဝတီ-ဘားအံလမ်းပိုင်းကို ထိန်းချုပ်နိုင်တဲ့ အပြင် ကျုံဒိုးနဲ့ ကော့ကရိတ်ကိုပါ လွှမ်းမိုးနိုင်မယ်…။ ဆိုလိုချင်တာက မြဝတီလမ်းပိုင်းကို ထိန်းချုပ်နိုင်ရင် အမေရိကန်က ထိုင်းကို NUG အတွက် အကူအညီပေးဖို့ ပြောထားတယ်လို့ ကြားရပါတယ်…။ အဲဒီအကူအညီကိစ္စကို ထိုင်းက NUG ကို လုပ်ပေးမှာလားဆိုတာတော့ မသိရသေးပါဘူး…။ နောက်တစ်ခုက လက်နက်အကူအညီလမ်းကြောင်းအတွက် ဒီတိုက်ပွဲ ဟာ အရေးပါတယ်… အရေးကြီးတယ်…။ ဒါကြောင့် စစ်မျက်နှာကို KNU က ကြိုဖွင့်နေတာ ပဲ...။ ဒီလို ကြိုဖွင့်ရတာကလည်း NUG က ခိုင်းလို့ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ပေါ်လွင်ထင်ရှားနေတာတွေ့ရပြီး KNU ဟာ NUG ခိုင်းတဲ့အတိုင်း လိုက်လုပ်နေရပုံပါပဲ…။ NUG ရဲ့အကြံက အဲဒီလိုလုပ်ပြီး ထိုင်းဘက်ကနေ လက်နက်/ခဲယမ်းတွေ သယ်ဖို့နဲ့ KIA၊ AA၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းဘက်တွေမှာ မိုးတွင်းကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လို့ ယူဆရပါတယ်…။ 
လက်ရှိ KNU အဖွဲ့ကြီးမှာ အုပ်စုသုံးစုကွဲနေတာကို တွေ့မြင်နေရပါတယ်။ ပထမအုပ်စုက အဖိုးစောမူတူးစေးဖိုး၊ ဖဒိုရွှေမောင်းနဲ့ ဗိုလ်ဂျော်နီတို့ ခေါင်းဆောင်တဲ့ အုပ်စုပဲ…။ အဲဒီအုပ်စု က ငြိမ်းချမ်းရေးကိုလိုလားပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ကြီးကြီးမားမားထားကာ ဒေသဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်ကြီးကြီးထားသူတွေဖြစ်တယ်…။ ပြီးတော့ ဘယ်နိုင်ငံရဲ့ သြဇာကိုမှ မခံဘူး…။ ဒုတိယအုပ်စုကတော့ စောထူးထူးလေး၊ စောတာဒိုမူးနဲ့ ဘောကျော်ဟဲ တို့ ခေါင်းဆောင်တဲ့ Hard liner  အဖွဲ့ပဲ…။ သူတို့အုပ်စုကို အမေရိကန်၊ ပြင်သစ်၊ ဆွီဒင်နဲ့ နော်ဝေဘက်မှ အုပ်စုတွေက ကြိုးကိုင်ခြယ်လှယ်နေပြီး အဲဒီကရတဲ့ ငွေကြေးထောက်ပံ့မှုတွေ နဲ့ ရပ်တည်နေတဲ့အဖွဲ့ဖြစ်တယ်…။  လက်ရှိအချိန်မှာ CRPH၊ NUG၊ PDF တို့နဲ့ ဆက်ဆံမှု ကောင်းတယ်…။ ပြီးတော့ (၁၇) ကြိမ်မြောက် ကွန်ကရက်မှာ ဥက္ကဋ္ဌနေရာရဖို့အတွက် ဗဟို ကော်မတီဝင်တွေကို လိုက်လံစည်းရုံးနေတဲ့အဖွဲ့ဖြစ်တဲ့အပြင် တပ်နဲ့ထိတွေ့မှုတွေ မကြာ ခဏဖြစ်နေတဲ့ အဖွဲ့လည်းဖြစ်တယ်…။ ဒါ့အပြင် ဝေါလေလူသတ်မှုလို အစုလိုက်အပြုံလိုက် လူသတ်မှုတွေ ကျူးလွန်ခဲ့တာလည်း အဲဒီအဖွဲ့ပါပဲ…။ တတိယအုပ်စုကတော့ အရင်ဥက္ကဋ္ဌ စောဗိုလ်မြရဲ့သား KNDO က နယ်ဒါးမြနဲ့ Free Burma Ranger အမည်ခံ ကြေးစားတွေပဲ…။ အဲဒီအုပ်စုက ဘာနိုင်ငံရေး လမ်းစဉ်မှမရှိဘဲ ငွေကြေးအကျိုးအမြတ် တစ်ခုတည်းကိုသာ ကြည့်ပြီး PDF တွေကို လက်ခံလေ့ကျင့်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်…။ 
လက်ရှိအချိန်မှာ အနောက်အုပ်စုတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေ၊ ထောက်ပံ့မှုတွေနဲ့ ရပ်တည် နေပြီး NUG၊ PDF အဖွဲ့တွေနဲ့ အဆင်ပြေနေတဲ့ ဒုတိယအုပ်စုက KNU အထွေထွေအတွင်း ရေးမှူးဖြစ်သူ စောတာဒိုမူးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စုသဘောတူညီချက် တွေကို  နှောင့်နှေးအောင် လုပ်နေတာတင်မကဘဲ စစ်ကိုနောက်တစ်ကျော့ပြန်ခေါ်သလို ရန်လိုတဲ့၊ ရန်စတဲ့ လုပ်ဆောင်မှုတွေလုပ်ပြီး သူ့သြဇာအာဏာကြီးမားလာအောင် လုပ်ဆောင် နေသူဖြစ်ပါတယ်…။ စောတာဒိုမူးတို့အဖွဲ့သာ KNU ကို ဦးဆောင်လာမယ်ဆိုရင် ငြိမ်းချမ်းရေး အတွက် တော်တော်ရင်လေးစရာပါပဲ…။ ပြီးတော့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲကလည်း KNU ရဲ့ ကွန်ကရက်ဆုံးဖြတ်ချက်ရလဒ်အပေါ်မှာ မူတည်နေပါတယ်…။
အခုတော့ (၁၇) ကြိမ်မြောက် ကွန်ကရက်ကို မကျင်းပဖို့နဲ့ ဟိုရွှေ့ဒီရွှေ့လုပ်ပြီး အချိန်ကာလ ကြာမြင့်နေတဲ့အတွက် အချင်းချင်းအားပြိုင်သွေးကွဲမှုတွေဖြစ်နေတယ်လို့လည်း ကြားနေရပါ တယ်…။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်အုပ်စုတွေရဲ့ဩဇာခံ စောတာဒိုမူး ဦးဆောင်တဲ့ အဖွဲ့တွေက ဘောကျော်ဟဲရဲ့ တပ်မဟာ (၅) နယ်မြေထဲမှာ ကွန်ကရက်ကို ပြောင်းလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ကြားရပါတယ်…။ အင်အားကြီးတဲ့ သူ့နယ်မြေထဲမှာဆိုတော့ နယ်မြေ ပိုင်တဲ့သူက သူ့ခွင်ထဲမှာ အပိုင်တွယ်တော့မယ့်ပုံစံမျိုး အချင်းချင်းလုပ်ကြံပြီး အာဏာလုပွဲ ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရပါဘူး…။ စောတာဒိုမူးတို့အုပ်စုသာ အာဏာရသွားမယ်ဆိုရင် ငြိမ်းချမ်းရေးရဲ့အရေးဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တာမို့ တပ်မဟာ (၅) နယ်မြေထဲ မှာ ကျင်းပဖို့စီစဉ်နေတဲ့ (၁၇) ကြိမ်မြောက် ကွန်ကရက်နဲ့ KNU ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်း အလဲကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်…။ 
မင်းသူ

Post a Comment

Previous Post Next Post