ဗြိတိန်သံအမတ် Mr. Peter Vowles ကိစ္စဖြစ်ရပ်မှန်


မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ Mr. Peter Vowles သည် မြန်မာနိုင်ငံမှ ထွက်ခွာရသည့် အကြောင်းရင်းကို ၁၃-၇-၂၀၂၂ ရက်က ၎င်း၏ တွစ်တာ စာမျက်နှာ၌ ရေးသားဖော်ပြထားမှုသည် မှန်ကန်မှုမရှိသည့်အပြင် ဖြစ်ရပ် မှန်နှင့် ကွဲလွဲလျက်ရှိနေကြောင်း တွေ့ရှိရသည်။

ဗြိတိန်အစိုးရက Mr. Peter Vowles အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန်လွှအပ်ခြင်းခံရသော ဗြိတိန်နိုင်ငံသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် ၂၉-၄-၂၀၂၁ ရက်တွင် အဆိုပြုသဖြင့် မြန်မာအစိုးရက ၂၂-၆-၂၀၂၁ ရက်တွင် သဘောတူညီကြောင်း ပြန်ကြားခဲ့သည်။ Mr. Peter Vowles သည် ၂၉-၇-၂၀၂၁ ရက်တွင် မြန်မာနိုင်ငံသို စတင် ရောက်ရှိခဲ့ပြီး နောက် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ (Ambassador-Designate) တစ်ဦးအနေဖြင့်  သံတမန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ ၎င်း၏ခန့်အပ်လွှာမိတ္တူကို နိုင်ငံခြားရေးဝန်ကြီးဌာနသို လည်းကောင်း၊ ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲထံသို လည်းကောင်း ပေးအပ်ရန်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ပေးအပ်ရန် ရှောင်လွှ ခဲ့သည်။  သိုပါ၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဘက်သို Mr. Peter Vowles ၏ ပြည်ဝင်ဗီဇာကို ကန့်သတ်ခဲ့သည်။ ယင်းအခြေအနေတွင် ဗြိတိန်နိုင်ငံဘက်က Mr. Peter Vowles အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးအဖြစ် အဆိုပြုထားမှုကို ရုပ်သိမ်းကြောင်းနှင့် ရန်ကုန်မြို၊ ဗြိတိန်သံရုံး၊ သံရုံးယာယီတာဝန်ခံအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ပြောင်းလဲ အဆိုပြုခဲ့ရာ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ခန့်အပ် ရန် သဘောတူညီပြီး ဖြစ်သည့်အတွက် သံရုံးယာယီတာဝန်ခံ ခန့်အပ်မည် ဆိုပါက ၎င်းအစား အခြား ပုဂ္ဂိုလ်တစ်ဦးအား ပြန်လည် အဆိုပြုရန် ဖြစ် ကြောင်း မြန်မာဘက်က အကြောင်းကြားခဲ့သည်။  ယင်းနောက် Mr. Peter Vowles က  ၎င်း၏ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းရန်အတွက်၂၁-၆-၂၀၂၂ ရက်မှ ၁၅-၇-၂၀၂၂ ရက်အထိ မြန်မာနိုင်ငံသို ဝင်ရောက်လိုကြောင်း ဗြိတိန် ဘက်မှ မေတ္တာရပ်ခံခဲ့မှုကို နိုင်ငံခြားရေးဝန်ကြီးဌာန က ခွင့်ပြုပေးခဲ့သည့် အတွက် မြန်မာနိုင်ငံသို လာရောက်ခဲ့ခြင်းဖြစ်သည်။ ယခု Mr. Peter Vowles မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းမှာ ၎င်း၏ပြည်ဝင် ဗီဇာသက်တမ်း မကုန်ဆုံးမီ ထွက်ခွာသွားခြင်းသာဖြစ်သည်။

ယခုကိစ္စတွင် Mr. Peter Vowles အနေဖြင့် ခန့်အပ်လွှာပေးအပ်ခြင်းမပြုဘဲ မြန်မာနိုင်ငံ၌ သံအမတ်ကြီးအဖြစ် လာရောက်နေထိုင်လိုခြင်းဖြစ်ပြီး ဗြိတိန် ဘက်က သံတမန်ကျင့်ထုံး၊ ကျင့်ဝတ်တိုနှင့်အညီ ဆောင်ရွက်မှု မပြုခဲ့ခြင်း သာဖြစ်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံ အနေဖြင့် သံတမန်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းကြောင့်       Mr. Peter Vowles သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ရခြင်း ဖြစ်ကြောင်း ဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ  ၁၄  ရက်

Post a Comment

Previous Post Next Post