သရုပ်ပျက်တော်လှန်ရေး နှင့် အလှူငွေလုပ်စားNUG နှင့် ခိုင်းဖက်PDF

တော်လှန်ရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာတော့ NUG နှင့် PDF နှစ်ဖွဲ့လုံးဟာ တပ်မတော်ကို တက်ညီလက်ညီ တော်လှန်နေသလိုလို ဟန်ပြသရုပ်ဆောင်နေကြပေမယ့်

အလှူငွေဆိုတဲ့ခေါင်းစဥ်အောက်မှာတော့ NUG တစ်ဖွဲ့သာပါပြီး PDFတွေမပါတော့ပါဘူး


အမှန်တကယ်တော့
NUG နဲ့ အလှူခံပုဂ္ဂိုလ်တစ်ချို့ဟာ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့PDFတွေကို ထောက်ပံ့မယ်ဆိုတဲ့ ခေါင်းစဥ်တပ်ပြီးအလှူခံနေကြပေမယ့် လက်တွေ့မှာတော့ PDFတွေလက်ထဲကို  ၁၀ပုံ ပုံရင် ၁ပုံတောင်မရပါဘူး 

အဲဒါဆိုရင် ကျန်တဲ့ငွေတွေက ဘယ်သူတွေယူသွားတာလဲမေးရင် NUGအဖွဲ့ဝင်တွေနဲ့ အလှူခံသူတွေ ခွဲယူသွားကြတာပါ 

ပြည်ပနိုင်ငံတစ်ခုမှာ ခိုလှုံနေတဲ့ အဆိုပါလူတစ်စုဟာ  ဘာအလုပ်မှမယ်မယ်ရရမရှိဘဲ သူတို့ရဲ့ သားသမီးတွေကို 
ဘာကြောင့် ကျောင်းထားနိုင်တာလဲ 
ဘာကြောင့် ငွေကို ရေလိုဖြုန်းနေနိုင်တာလဲ ဆိုတာ ဦးနှောက်ပါသူတိုင်း စဥ်းစားတတ်ကြပါတယ်

ယခုရက်ပိုင်းမှာလည်း ၎င်းတို့အဖွဲ့အချင်းချင်းတွေ အဝေမတည့်ဘဲ အောက်ဖဲလှန်လာကြတဲ့အထိ ဖြစ်လာကြပါတယ်

ဥပမာ  - ပန်ဆယ်လိုနဲ့ သက္ကမိုးညို
            - ပန်ဆယ်လိုနဲ့ အိုင်းရင်း
            - အောင်မြတ်နှင့် ကော့သူးလေ

ဒါကမြင်သာတဲ့ ဥပမာပဲပြောတာပါ ဖြစ်နေတာတွေအများကြီးရှိပါတယ်

ဆိုတော့
တကယ့်မြေပြင်မှာ တပ်မတော်နဲ့လက်တွေ့တိုက်နေတဲ့ PDFတွေဟာ လက်နက်မရှိ /ငွေမရှိ /စားစရာမရှိနဲ့ တောထဲတောင်ထဲ ငတ်ပြတ်ဒုက္ခရောက်နေချိန် 

NUGအဖွဲ့တွေနဲ့ အလှူခံသူတွေဟာ Social Media ပေါ်မှာ တော်လှန်ရေးအောင်ကြောင်းတရားဟောပြီး မြိုးမြိုးမြက်မြက်လေးစားသောက်နေတာတွေကိုကြည့်မယ်ဆိုရင် မင်းတို့တော်လှန်ရေးက သာတူညီမျှမှု မရှိဘူးဆိုတာကိုပြလိုက်တာပဲ

ဒါကြောင့် NUGအဖွဲ့ရဲ့ ငယ်ကျွန်ဘ၀နဲ့ ဆက်ပြီးနေမယ်ဆိုလည်း မင်းတို့သဘောပါပဲ

#မှိုင်းဝေ

Post a Comment

Previous Post Next Post