ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမှာကို သိမ်းတဲ့ အဆင့်ထိရောက်အောင် တွန်းပို့နေတာလား NUG၊ PDF

ဒီလိုဖြစ်စေချင်နေသလား ဆက်ပြီးသာမဆင်မခြင်ဆက်လုပ်ကြပါ

(NLD ကြောင့်အာဏာထိမ်းခံရပြီးပြီး NUG.PDF ကြောင့်အာဏာသိမ်းခံရရင် သူတိုဟာသမိုင်းတရားခံတွေဘဲ)

အာဏာသိမ်းမယ်ဆိုရင်
အခုလက်ရှိအခြေအနေနဲ့ဘာကွာခြားသွားမလဲဆိုတာ တွေးကြည့်လိုရအောင် ရေးပြပါမယ်။

အခုလဲသိမ်းထားတာပဲ 
ဘာပိုထူးမှာလဲဆိုသူများက ဘာမှမသိပဲ NLDနဲ့အဘွားစုကိုကြိတ်တိုခိုက်နေသူများဟုမှတ်ပါ။

အာဏာသုံးရပ်ကို တပ်မတော်က 
သိမ်းယူလိုက်ရင်👇

အုပ်ချုပ်ရေးဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) မရှိတော့ပါ 
ရပ်ကွက်ရုံးတိုင်းဟာ တပ်ကိုတိုက်ရိုက်အစီရင်ခံရတော့မှာဖြစ်ပါတယ်။

ဝန်ကြီးတိုင်းဟာ စစ်သားတွေဖြစ်လာပါမယ် 
ဒုဝန်ကြီးတွေဟာလည်း စစ်သားတွေဖြစ်လာပါမယ်။

မြိုနယ်ရုံးတိုင်းဟာ 
စစ်ဗျူဟာမှူးတွေရဲ့စခန်းဖြစ်ပြီး 
တရားစီရင်တဲ့နေရာတွေဖြစ်လာပါမယ်။

တရားစီရင်ရေးအပိုင်းမှာလည်း 
တရားသူကြီးတွေဟာ တပ်ကိုပြန်လှန်မေးခွင့်မရှိဘဲ အမှုတွေကိုတပ်ရဲ့အလိုအတိုင်းသာချရပါလိမ့်မယ်။

ရှေ့နေတွေဟာလည်း 
အချိန်မရွေးဖမ်းဆီးထိန်းသိမ်းခံရနိုင်ပြီး 
နိုင်ငံရေးသမားတိုင်းဟာလည်း 
ဘာလုပ်လုပ်မလုပ်လုပ် 
ထမင်းစားဖိတ်ခံရပါမယ်။

အကျဉ်းထောင်ဥပဒေဟာအသုံးမဝင်တော့ဘဲ တပ်ကစစ်ဆေးစရာရှိတာ စီရင်စရာရှိတာကို
စီရင်ပါလိမ့်မယ် 
ဘာမှ လာမပြောနဲ့ ပါးရိုက်ခံရပါမယ်။

တရားဥပဒေပြုရေးမှာလည်း 
တပ်မတော်ကသာ ဥပဒေမှန်သမျှကို
ထုတ်ပါလိမ့်မယ် 

အခုကတော့ ဥပဒေပြုရေးကော်မတီမှာ 
ဦးခွန်ထွန်းဦးတို ဦးဟင်နရီဗန်ထီးယူတို
အလုပ်လုပ်နေပါသေးတယ်။

တပ်မတော်လက်ထက်မှာ 
ရန်ကုန်မြိုကို ဆိုင်ကယ်စီးနင်းခြင်းအတွက် 
တားမြစ်ပိတ်ပင်မှာဖြစ်ပြီး 
လိုင်းကားမရောက်တဲ့ဝေးလံတဲ့နေရာတွေမှာ စက်ဘီးကယ်ရီ ဒါမှမဟုတ် 
လမ်းလျောက်သွားရပါလိမ့်မယ်။

မဏ္ဍိုင် ၃ ရပ်လုံးဟာ 
တပ်မတော်သားတွေပဲကိုင်တွယ်မှာဖြစ်ပြီး 
မထောက်ခံတဲ့နိုင်ငံများနဲ့တံခါးပိတ်မူဝါဒကျင့်သုံးမှာဖြစ်ပါတယ်။

ဒေါ်လာလက်ဝယ်ကိုင်ဆောင်ခြင်းဟာ 
ရာဇဝတ်မှုဖြစ်ပြီး 
FEC သာ တရားဝင်ကိုင်ဆောင်ခွင့်ရှိပါမယ် 

ဓာတ်ဆီဟာ စာအုပ်နဲ့ထုတ်ရမှာဖြစ်ပြီး 
အပိုဝယ်ယူခွင့်လဲမရှိပါ။

နိုင်ငံရေးဟောပြောခြင်းနဲ့ နိုင်ငံရေးလှုဆော်ခြင်းတွေဟာ ရာဇဝတ်မှုများနဲ့တန်းတူ အရေးယူဖမ်းဆီးခြင်းခံရမှာဖြစ်ပါတယ်။

တိုက်ပွဲများနေရာအနှံဖြစ်ပေါ်ပြီး 
တိုင်းပြည်ဟာ ယခုထက်ဆင်းရဲမှာဖြစ်ပါတယ်။

ဒါပေမယ့် ကောင်းကျိုးကတော့ 
နီပိန်းမျိုးဆက်နဲ့ နီပိန်းထောက်ခံသူတွေဟာ 
ထောင်ထဲမှာ နှစ်များစွာနေထိုင်ပြီး 
အသက်ဆုံးရှုးမှာဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်အရေးဆုံးရှုးမှု 
နိုင်ငံတကာအလယ်မှာမျက်နှာငယ်မှု 
ဆက်သွယ်ရေးဖျက်တောက်မှု 
တပ်မတော်သားတွေက တဆင့်မြင့်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးလွှမ်းမိုးမှု 
စသဖြင့် လူတန်းစားမရွေးခံစားရမှာဖြစ်ပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့ရင် 
ဒါဟာ NLD နဲ့ NUG အကြမ်းဖက်သမားများတိုင်းပြည်ဖျက်ချင်တဲ့လုပ်ရပ်များကြောင့်လိုသာ
မှတ်ယူထားရပါမယ်။

ဒီမိုလ်ကရေစီနည်းလမ်းအရ 
စေ့စပ်ညှိနှိင်းရေးလမ်းကိုမသွားဘဲ 
မဲလိမ်မဲခိုးမဲမသမာမှုတွေကိုလူမိုက်ဆန်ဆန်
စိန်ခေါ်ပြီး 
တက်ကြွလှုပ်ရှားသူတွေကိုလမ်းပေါ်
ခေါ်ထုတ်ခဲ့ပါတယ်။

နောက်
လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကိုရွေးချယ်ပြီး ဥပဒေဘောင်ပြင်ပကိုထွက်လို တိုင်းပြည်ကိုပြာပုံဘဝရောက်အောင် အမျိုးမျိုးဖောက်ခွဲဖျက်ဆီးအကြမ်းဖက်ကြပြန်ပါတယ်။

ဒီလုပ်ရပ်တွေကြောင့်သာ စစ်ဘောင်ဟာ 
တဖြေးဖြေးကျယ်လာပြီး 
တစ်နိုင်ငံလုံး တပ်ကအုပ်ချုပ်ခွင့်ရသွားတယ်လိုပဲ တွေးလိုက်ရပါလိမ့်မည်။

စစ်ဘောင်ကျယ်၏မကျယ်၏...NUG...pdf..ပေါ်မှာမူတည်တယ်...

Post a Comment

Previous Post Next Post