"ပေါက်မြို့နယ်၌ NUG လက်ပါးစေများမှ ပြည်သူ ၁ ဦး၏ နေအိမ်ကို ဓားပြတိုက်ပြီး မီးရှို့ဖျက်ဆီး"

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက် ၄ နာရီခွဲအချိန်ခန့်တွင် NUG လက်ပါးစေ အကြမ်းဖက်အုပ်စုမှ ကျေးရွာနေပြည်သူတစ်ဦး၏နေအိမ်ကို ဓားပြတိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ပေါက်မြို့နယ်၊ ဘိုးဖြူလုံးကန်ကျေးရွာ၌ နေထိုင်သည့် ဦးစန်းနွယ်၏ နေအိမ်ကို ဓားပြတိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်

ယင်းဖြစ်စဥ်အတွင်း အကြမ်းဖက်အုပ်စုသည် နေအိမ်အတွင်းသို့ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားပြီးနောက် ပရိဘောဂပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
#SQ

Post a Comment

Previous Post Next Post