မန္တလေးတိုင်းအတွင်းမှ PDF အဖွဲ့ဝင်အချို့ အလင်းဝင်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့မှ PDF အဖွဲ့ဝင် ၂ ဦး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့သည့် PDF အဖွဲ့ဝင် ၂ ဦးကို နစက တာဝန်ရှိသူများမှ ၎င်းတို့၏ မိဘအုပ်ထိန်းသူများသူများထံသို့ ယနေ့ (ဇူလိုင် ၈ ရက်)တွင် စနစ်တကျ လွှဲပြောင်းအပ်နှံပေးခဲ့သည်ဟုဆိုသည်။
ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သိရသည်။
#mhtnews

Post a Comment

Previous Post Next Post