မြန်မာမြေပေါ်က နှင်ထုတ်ခံလိုက်ရသည့် အင်္ဂလိပ် သံအမတ် Pete Vowles

နစက ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Pete Vowels အား မြန်မာ့မြေပေါ်မှ နှင်ထုတ်ခံလိုက်ကြောင်း ယနေ့တွင် ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြချက်အရ သိရသည်။

ဗြိတိန်သံအမတ် Pete Vowels သည် ၂၀၂၁ သြဂုတ်လကတည်းက သံအမတ်ကြီးအဆင့်ရာထူးနှင့် ပြည်တွင်းသို့ ရောက်လာခဲ့ခြင်း ဖြစ်ပြီး ၂၀၂၂ ဖေဖော်ဝါရီလအတွင်း ပြည်ပခရီးစဉ်တစ်ခုကြောင့် ခဏ ထွက်ခွာပြီး နောက်ပိုင်းကတည်းက ဗြိတိန်သံအမတ်ကြီး Pete Vowels ကို ပြည်တွင်းထဲ ပြန်ဝင်ခွင့် ဗီဇာ မပေးထားကြောင်း သိရသည်။

နစက ကောင်စီအနေဖြင့် မည်သည့် အကြောင်းကြောင့် သံအမတ်ကြီး Pete Vowels အား နှင်ထုတ်လိုက်ခြင်းကို မသိရှိရသေးသော်လည်း ဗြိတိန်အနေဖြင့် မြန်မာအရေးအတွက် မိတ်ဆွေကောင်း မပီသစွာ အကျိုးမဲ့ လုပ်ရပ်များကိုသာ ရှေးရှု ဆောင်ရွက်နေခြင်းကြောင့် ယင်းကဲ့သို့ နှင်ထုတ်ခံလိုက်ရခြင်း ဖြစ်နိုင်သည်ဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း နစက ကောင်စီအနေဖြင့် ကမ္ဘာ့ထိပ်တန်းစက်မှုနိုင်ငံများဖြစ်သည့် ဂျာမနီနှင့် သြစတြေးလျ၊ အာဆီယံ နိုင်ငံဖြစ်သည့် ဘရူနိုင်းနိုင်ငံမှ မြန်မာသံအမတ်များကို ပြန်လည်ခေါ်ယူကာ အဆိုပါ နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

Photo - Pete Vowles

#NewVisionMedia

Post a Comment

Previous Post Next Post