အင်းစိန်ထောင်က သေဒဏ်ကျတရားခံတွေကို သွားပြီးတရားဟော လိုအပ်တာလှုဒါန်း သရဏဂုံတည် ငါးပါးသီလလုံအောင် ဆောက်တည်စေခဲ့တဲ့ သီတဂူဆရာတော်....


အထက်အောက် လိမ္မော်ရောင်ဝမ်းဆက်နဲ့ သေဒဏ်ကျတရားခံတွေထဲမှာ သီတဂူဆရာတော်ကို ဆဲဆိုခဲ့တဲ့ သတ်ဖြတ်ဖို့ကြံခဲ့တဲ့ နိုင်ငံရေးသမားတွေလည်း ပါချင်ပါမယ်။ လူသတ်လုယက်မုဒိမ်း၊ သက်ငယ်မုဒိမ်းလူသတ်တရားခံတွေလည်းပါမယ်။ လူလေးငါးယောက်သတ်ဖြတ်အလောင်းဖျောက်နေအိမ်မီးရှို့ဖျက်ဆီးခဲ့သူတွေလည်း ပါမယ်။

သေဒဏ်ကျခံရတယ်ဆိုကတည်းက စပ်ဆုပ်ဖွယ်ရာယုတ်မာသတ်ဖြတ်မှု နှစ်မှုသုံးမှုလေးမှုမက ကျုးလွန်ခဲ့ကြသူတွေကိုး။

ဒါပေမဲ့ တကယ့်သေဘေးလည်းကြုံရော။ လက်အုပ်လေးတွေချီ အေးချမ်းကြည်နူးနေပုံနဲ့ လက်အုပ်လေးတွေချီလို့။

ထောင်ထဲမှာ အာဏာပိုင်ကစီစဥ်မပေးရင် ဘုရားလည်းမရှိ တရားလည်းမရှိ သံဃာလည်းမရှိဘူး။ မင်းဘာမှုနဲ့ကျလဲ။ ဘယ်လောက်ရက်စက်ယုတ်မာဆိုးယုတ်ခဲ့လဲပဲ ရှိတာ။

ဘာပဲဖြစ်ဖြစ်ပါ။ နစကဟာ NUG, PDF တွေရဲ့ ဆဲဆိုခံ သတ်ဖြတ်လုပ်ကြံဖို့ ကြံရွယ်ခံနေရတဲ့သီတဂူဆရာတော်ကြီးကို သီးသန့်ဖိတ်ပြီး သေဒဏ်ကျတွေ အပူဇော်ခံခိုင်း အသက်အလှုခံခိုင်းပုံရှိဟန်တူပါရဲ့။

ဒါဆိုရင် ဒီရက်ပိုင်းမှာ သေဒဏ်လွတ်လာတဲ့ ဆောင်းလေပြေနဲ့ လူငယ်တစ်ဦးက သီတဂူဆရာတော်အသက်အလှုခံလို့လား တွေးရပါရဲ့

Post a Comment

Previous Post Next Post