ကျောက်မဲမှာ လက်နက်ကိုင်လူတစ်စုရဲ့ ပြန်ပေးဆွဲခြင်းခံထားရတဲ့ လူငယ်တစ်ဦး ထွက်ပြေးလွှတ်မြောက်လာ

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းမြောက် ကျောက်မဲမြို့အဝင် လမ်းမကြီးပေါ်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ 
လူတစ်စုရဲ့ ပြန်ပေးဆွဲတာကို ခံထားရတဲ့ လူငယ်တစ်ဦးဟာ မနေ့ ဩဂုတ်လ ၂ ရက် မနေ့မနက်ပိုင်း ၄ နာရီခန့်အချိန်မှာ ပြန်လည်ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကာယကံရှင်က ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ကိုသက်ခိုင်ကို ကျောက်မဲမြို့ရှိ တောတစ်နေရာက အဆောင်တစ်ခုမှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ၎င်းကိုစောင့်တဲ့ အစောင့်တွေ အိပ်မောကျနေစဉ်မနက်အစောပိုင်းမှာ ထွက်ပြေး လွတ်မြောက်လာတာလို့ သူကဆိုပါတယ်။အဖြစ်နိုင်ဆုံးကတော့ PDF တွေသို့မဟုတ် TNLA အဖွဲ့တွေပဲလို့ယူဆရပါတယ်ဟုဒေသခံတစ်ဦးမှပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post