အကြမ်းဖက်ပဒပ်ရဲ့ ဓါးပြတိုက်ခြင်းခံနေရတဲ့ မြိုင်ပြည်သူတွေ

လိုင်းပေါ်တက်လာတော့ ပြည်သူတွေကလှူတယ်ပေါ့။ တကယ်တမ်းမြေပြင်မှာတော့ သေနတ်ပြပြီး ဓါးပြတိုက်နေကြတာပဲ။ ပြည်သူတွေခမျာ ကိုဗစ်ကြောင့် စီးပွားရေးကလည်းကျ၊ မင်းတို့အကြမ်းဖက်တွေရန်ကြောက်လို့ လုပ်မစားရဲရတာကတမှောင့်။ မိသားစုစားဝတ်နေရေးတောင် အနိုင်နိုင်ဖြစ်နေတဲ့ကာလမှာ ဘုန်းကြီးရဟန်းတောင်မရှောင် အကြမ်းဖက်သတ်ဖြတ်နေတဲ့ မင်းတို့တွေကို ဘယ်ပြည်သူကမှ သဒ္ဒါပေါက်ပြီးမလှူဘူးဆိုတာ မြေကြီးလက်ခတ်မလွဲ ပြောရဲတယ်ကွာ။
သေချာတယ် မပေးရင် သတ်မယ်ဆိုလို့သာ မပေးချင်ပေးချင်နဲ့ ပေးကြရတာနေမှာ။ မသထာရေစာတွေစားပြီး ပြည်သူ့မေတ္တာမစူးပါစေနဲ့ပဲ ဆုတောင်းထားကြဟေ့။
ဖြစ်စဥ် ---"မနေ့က ကျွန်မတို့ လက်ယက်မရွာမှာ ဌေးလွင်ဦး(ဗိုလ်မာဃ)တို့အုပ်စုက အလှူခံတယ်ဆိုပြီး မထည့်မနေရ ငွေမတက်နိုင်လျှင် ရွှေပေးရမည်ဟုဆိုကာ သေနတ်ပြခြိမ်းခြောက်ပြီးထည့်ခိုင်းတဲ့ အခုလိုင်းပေါ်ကြတော့ ပြည်သူတွေက လှူတယ်ဆိုပြီး ရေးတင်တယ် "ဟု အမည်မဖေါ်လိုသူ တစ်ယောက်မှပြောသည်။
#MZ

Post a Comment

Previous Post Next Post