ပြည်သူနဲ့ ပိုပြီး အလှမ်းဝေးသွားတာပဲ အဖတ်တင်လိမ့်မယ်...

တောင်ပြုံးပွဲ မလုပ်ဖို့ စာထုတ်တဲ့ MDYက PDF ခေါင်းဆောင်တော့ အဖမ်းခံသွားရပြီ၊ သူနဲ့တင်
ပြီးသွားလားဆိုတော့ မပြီးဘူး၊ နောက်ဆက်တွဲ လက်နက်/ခဲယမ်းနဲ့ PDF အဖွဲ့တွေပါ ထပ်အဖမ်းခံရရော။


အရင်နှစ်တွေကလည်း ကိုဗစ်ကြောင့် အကျဥ်းရုံးပြီးလုပ်ခဲ့ရတဲ့ပွဲဆိုတော့ ဒီနှစ်မှာ အကြီးအကျယ်ဖြစ်ဖို့ အားခဲထားကြမှာပဲ။

တောင်ပြုံးပွဲမှာ ပါဝင်ကြမယ့် ကန္နားစီးတွေမှာလည်း ကွန်ယက်ရှိကြတယ်၊ သူတို့ပွဲကို နှောက်ယှက်ရင် သူတို့ကလည်း သူတို့သိထားတာတွေ သက်ဆိုင်ရာကို လက်တို့ကြမှာပဲ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင်တွေကို နှောက်ယှက်နေရုံနဲ့ တော်လှန်ရေးကြီးအောင်မြင်သွားမှာမဟုတ်ဘူး။

ပြည်သူနဲ့ ပိုပြီး အလှမ်းဝေးသွားတာပဲ အဖတ်တင်လိမ့်မယ်။

Post a Comment

Previous Post Next Post