နိုင်ငံတော်ဘာသာနေ့ဖြစ်လာပုံသမိုင်းအကျဉ်း


နိုင်ငံတော်ဘာသာပြဋ္ဌာန်းခဲ့သည့်နေ့ရက်
-----------------------------------------
၁၃၂၃ ခုနှစ် ဝါခေါင်လပြည့်
(1961 ခုနှစ် ဩဂုတ်လ 26 ရက် ) စနေနေ့

နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ
-----------------------------
နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ၁၉၆၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေ
ပုဒ်မ ၂၁၊ ပုဒ်မခွဲ ၁ အစား ထည့်သွင်းရမည့်စာသား
ပုဒ်မခွဲ (၁) ဗုဒ္ဓဘာသာ သာသနာတော်သည်
နိုင်ငံတော်၏ နိုင်ငံသားအများဆုံး
ကိုးကွယ်ရာဘာသာကြီး ဖြစ်သည့်အားလျော်စွာနိုင်ငံတော်ဘာသာ သာသနာဖြစ်စေရမည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါ၀င်သည့်စာသား
-------------------------------------------------------------
ပုဒ်မ ၃၆၁ - နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကိုနိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သောဂုဏ်ထူး
၀ိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်။

နိုင်ငံတော်ဘာသာ အက်ဥပဒေကို အတည်ပြုပြဌာန်းခြင်း
---------------------------------------------------------
၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁၃၂၃ ခု ဝါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက
ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုနေ့ နေ့လယ် ၁ နာရီ ၂၅ မိနစ်အချိန်တွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦး၀င်းမောင်က အခမ်းအနားဖြင့်လက်မှတ်ရေးထိုး
အတည်ပြုပြဋ္ဌာန်းခဲ့သည်။

(၁၉၅၁ ခုနှစ်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ တင်သွင်းခဲ့သော နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးသည်
၁၀ နှစ်အကြာ ၁၉၆၁
ခုနှစ်တွင်အကောင်အထည်ပေါ်လာခဲ့ပါသည်။)

ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းနိုင်ရန် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသူများ သမိုင်းမှတ်တမ်း
--------------------------------------------

၁။ လွတ်လပ်ရေးအကြိုကာလ အင်္ဂလိပ်အစိုးရလက်ထက်ကပင် ရဟန်း ရှင် လူ ပြည်သူအပေါင်းတို့သည်ဗုဒ္ဓဘာသာကို
နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းနိုင်ရေးအတွက် ဆန္ဒပြုနှိုးဆော်ခဲ့ကြသည်။

၂။ ၁၉၄၇ ခုနှစ်၊ မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချိုက
လွတ်လပ်ရေးရသည့်အခါ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။
သို့သော်လည်း လွတ်လပ်ရေးက အရေးကြီးနေ၍ မပြဋ္ဌာန်းနိုင်ခဲ့ပေ။

၃။ ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ (စမ်းချောင်း)က ပြည်ထောင်စု
မြန်မာနိုင်ငံတော်ကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် အတိအလင်းကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည်။ ပါလီမန်အမတ်
ဗိုလ်ခင်မောင်က ထောက်ခံသည်။ သာသနာရေး၀န်ကြီး ဦး၀င်းက ကန့်ကွက်သဖြင့် အတည်မပြုနိုင်ခဲ့ပေ။

၄။ ၁၉၅၅ ခုနှစ်တွင် သံမဏိဦး၀မ်းမောင်နှင့် သခင် ဗသောင်းတို့ တည်ထောင်သော ရီပတ်ဗလီကင်ပါတီ (ခေါ်) သမ္မတဂိုဏ်းပါတီ၊
၁၉၅၈ ခုနှစ်တွင် ဆာအမ်အေမောင်ကြီး အပါအ၀င် နိုင်ငံရေးသမားကြီး ကိုးဦးပါ၀င်သော The Buddhist Democratic Party နှင့်
၁၉၅၉ ခုနှစ်တွင် သီပေါမင်း၏ တတိယသမီးတော် အသျှင်ထိပ်စုမြတ်ဘုရား နာယကနှင့် မြေးတော် တော်ဘုရားလေး ဦးအောင်ဇေ
ဦးဆောင်သော နိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့တို့နှင့် ရဟန်းပျိုအဖွဲ့များ၊ ရခိုင်သံဃာတော်များသမဂ္ဂ အစရှိသော
အဖွဲ့အစည်းများက နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

၅။ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေးဆိုင်ရာ အကြံပေးအဖွဲ့နှင့် စုံစမ်းရေးကော်မရှင်များကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံ
တစ်ဝှမ်းသို့သွားရောက်ကာ သဘောထားများတောင်းခံခဲ့သည်။ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

၆။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်ဘာသာ အက်ဥပဒေကြမ်းကို
၀န်ကြီးချုပ် ဦးနုက လွှတ်တော်သို့တင်သွင်းသည်။

၇။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁၃၂၃ ခု ဝါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက
ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုနေ့ နေ့လည် ၁ နာရီ ၂၅ မိနစ်ဗတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦး၀င်းမောင်က အခမ်းအနားဖြင့်လက်မှတ်ရေးထိုး
အတည်ပြုပြဋ္ဌာန်းခဲ့သည်။
(၁၉၅၁ ခုနှစ်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ တင်သွင်းခဲ့သော နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးသည် ၁၀ နှစ်အကြာ ၁၉၆၁
ခုနှစ်တွင်အကောင်အထည်ပေါ်လာခဲ့ပါသည်။)

Post a Comment

Previous Post Next Post