နိုင်ငံရေးသမားဆို ကြိုးမပေးရဘူးလား??

နိုင်ငံရေးသမားဆို ကြိုးမပေးရဘူးလား??
========================

နိုင်ငံရေးသမားတစ်ယောက် နိုင်ငံရေးလှုပ်ရှားမှု
ကြောင့် သေဒဏ်မပေးသင့်ဘူး ဆိုတာက မှန်ပါ
တယ်။

နိုင်ငံရေးသမားဆိုပြီးမုဒိန်းကျင့်လူသတ်ဓားပြ
တိုက် စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရင်တော့ 
တရားဥပဒေနဲ့အညီထိုက်တန်တဲ့ပြစ်ဒဏ်ကျခံ
ရမှာသာ ဖြစ်ပါတယ်။

ဂဠုန်ဦးစောဟာအစဥ်အလာကြီးမားတဲ့ ဝါရင့်
နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်ပြီး နန်းရင်းဝန်
ရာထူးအထိ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်
ပါတယ်။

လူ Tတ်မှုကျူးလွန် လိုက်တဲ့အတွက် ကြိုးပေး သေဒဏ်ကျခံရပါတယ်။

နိုင်ငံရေးသမားကြီး ဂဠုန်ဦးစော ကို သေဒဏ်
စီရင်တာမဟုတ်ဘဲ လူသတ်မှုကျူးလွန်တဲ့ လူ
သတ်သမားဦးစောကို စီရင်တာဖြစ်ပါတယ်။

ဘယ်နိုင်ငံမှာမှလည်း နိုင်ငံရေးသမား ရာဇဝတ်
မှုကျူးလွန်ရင် ပြစ်ဒဏ် မချရဘူးလို့ အခွင့်ထူး
ပေးထားတာမရှိတဲ့အတွက် 

နိုင်ငံရေးသမားမုဒိန်းမှုကျူးလွန်ရင် မုဒိန်းမှု နဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်၊ လူTတ်မှုကျူးလွန် ရင်
လူTတ်မှု နဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်ကျခံကြရမှာ
သာ ဖြစ်ပါတယ်။

တောင်သူလယ်သမားအရေး တော်ပုံနဲ့ဗြိတိသျှ
ကို လက်နက်ကိုင်ပုန်ကန်တဲ့ ဆရာစံဟာ

ဗြိတိသျှလက်နက်ကိုင် တပ်ဖွဲ့တွေကို တိုက်ခိုက်
တာဖြစ်ပါတယ်။

ဘယ်လယ်သမားဘယ်ပြည်သူကိုမှသူလျိုဒလန်
ဆိုပြီးလိုက်Tတ်နေတာမဟုတ်ပေမယ့် 

ဗြိတိသျှအစိုးရကိုလက်နက်ကိုင်ပုန်ကန်မှုကြောင့် 
သေဒဏ်ကျခံခဲ့ရပါတယ်။

ပြည်သူလူထုကိုအကြမ်းဖက်သတ်ဖြတ်မှုမရှိခဲ့
ဘဲ သူ့ကျွန်ဘဝက လွတ်မြောက်ရေး လက်နက်
ကိုင်တော်လှန်တာကို အစိုးရကသေဒဏ်စီရင်ခဲ့
တဲ့ အတွက် သမိုင်းမှတ် တမ်းတင်ကျန်ရစ်တာ ​
ဖြစ်ပါတယ်။

အခု အပြစ်မဲ့ ပြည်သူတွေ သေကြေ ထိတ်လန့်ခြောက်ခြားအောင် လူထုကြားကိုဗုံးခွဲတိုက်ခိုက် 
ပစ်ခတ်Tတ်ဖြတ်လို့သေဒဏ်စီရင်ခံရသူတွေကို 

အာဇာနည်သူရဲကောင်းတွေအဖြစ်......ဘယ်လို
သမိုင်းမှတ်တမ်းတင်မှာလဲစဥ်းစားကြဖို့ကောင်း 
ပါတယ်။

နိုင်ငံရေးသမားက လူTတ်မှုကျူးလွန်ရင်လူTတ်
သမားအဖြစ်သာပြစ်ဒဏ်ချရတာနိုင်ငံတိုင်းကျင့် 
သုံးနေကြတဲ့ လုပ်ရိုးလုပ်စဥ် ကို

မြန်မာနိုင်ငံမှာမှ ထူးထူးဆန်းဆန်း ဝိုင်းအော်နေ
ကြတော့ ပုံမှန် မဟုတ်တဲ့ ပယောဂတွေ ပါနေပြီ
ဆိုတာ သိသာထင်ရှားနေပါတယ်။

#SitNyein @ #ThaungLwinHein

Post a Comment

Previous Post Next Post