ရုရှား-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွား‌ရေး ကော်မရှင်အစည်းအဝေးတွင် လက်တွေ့ကျသောကဏ္ဍများထည့်သွင်းဆွေးနွေးရန် အတည်ပြု

ယခုနှစ်ဝက်တွင် ပြုလုပ်ရန်ရှိသည့် ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့်စီးပွားရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကော်မရှင်၏ တတိယအကြိမ်မြောက်အစည်းအဝေးတွင် လက်တွေ့ကျသောနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွားရေးကဏ္ဍများကိုဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
 သြဂုတ် ၃ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသော ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့် နစကဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံအပြီး ယင်းသို့အပြန်အလှန်ကတိကဝတ်ပြုခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။
#SQ

Post a Comment

Previous Post Next Post