နိုင်ငံရေးသူရဲကောင်းလား? ရာဇဝတ်သားလူသတ်သမားလား?

မင်္ဂလာဒုံမှာ ကျောင်းသွားပိုတဲ့ မိဘ ၂ ယောက်ကို ခလေးတွေရှေ့မှာ ရက်ရက်စက်စက် အနီးကပ်သေနတ်နဲ့ မသေမခြင်း ပစ်သတ်ပြီး စီးလာတဲ့ကားကို လက်လုပ်မိုင်းထောင်ဖောက်ခွဲဖို လုပ်ခဲ့တဲ့ဖြစ်စဉ်ကို ကြားသိရသူအတိုင်း ထိပ်လန့်တုန်လှုပ်မိပါတယ်

အထူးသဖြင့် အရွယ်မရောက်သေးတဲ့ ၁၂ နှစ်အရွယ်သားနဲ့ ၁၀ နှစ်အရွယ်သမီးလေးတွေအနေနဲ့ ကိုယ့်အဖေ၊ အမေကို လူမိုက်လူရမ်းကားတွေက ကားကို လက်လုပ်မိုင်းပစ်ခတ်ရပ်တန့်စေပြီး ကားရပ်သွားချိန်မှာ အဖေနဲ့ အမေကို သေနတ်နဲ့တေ့ပစ်နေတာကို မြင်တွေ့နေရတဲ့ ခလေးငယ်တွေရဲ့ ခံစားမှုတွေက ဘယ်လောက်တောင် ကြောက်ရွံနေမလဲ၊ နာကျင်ခံစားနေရမလဲ ကိုယ်ချင်းစာကြည့်စေခြင်ပါတယ်

ရုတ်တရက် နေ့ခြင်း/ညခြင်း မိဘတွေက ထာဝရခွဲခွာသွားခဲ့တဲ့ ခလေး ၂ ယောက်အတွက် နေ့စဉ် ကျောင်းကြိုပိုနေတဲ့ မိဘတွေကို လွမ်းဆွတ်သတိရမှုနဲ့ သူတိုရဲ့ဘဝနောင်ရေးရပ်တည်မှုအတွက် အားကိုးရာမိဘမရှိတော့တဲ့ မိဘမဲ့ဘဝရောက်သွားတဲ့ ခလေးတွေအတွက် အလွန်စိတ်မကောင်း ကြေကွဲစရာဖြစ်ပါတယ်

ယခုတော့ အဲဒီအကြမ်းဖက်ရက်စက်ခဲ့သူ လူသတ်သမားတွေကို ပြည်သူလူထုရဲ့ ဝိုင်းဝန်းသတင်းပေးဖော်ထုတ်မှုကြောင့် ရက်ပိုင်းအတွင်း ဖမ်းဆီးရမိပြီဖြစ်ပါတယ်

ဒီလူသတ်တရားခံတွေကို တည်ဆဲဥပဒေအရ အပြစ်ပေးအရေးယူရတော့မှာဖြစ်ပါတယ်

ငါနဲ့မတူ ငါ့ရန်သူအယူအဆနဲ့ ရန်ညှိးလဲမရှိ၊ ပြဿနာလဲမရှိပဲနဲ့ အုပ်ချုပ်ရေးမှူးလုပ်လို လုပ်ကြံသတ်ဖြတ်သူတွေကို ဓမ္မဝါဒီ နိုင်ငံရေးသူရဲကောင်းတွေလို သတ်မှတ်ကြမှာလား?

ပြည်သူလူထု အေးချမ်းတည်ငြိမ်မှုအတွက် တရားဥပဒေစိုးမိုးမှုရှိအောင် ယခုလို လူသတ်သမား ရာဇဝတ်သားတွေကို တည်ဆဲဥပဒေအရ ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်သင့်သလား?

အနီ၊ အစိမ်း၊ ဘောမ၊ ထမိန်ခြုံ အုပ်စုမကွဲပဲ သာမာန်ပြည်သူတစ်ယောက်အနေနဲ့ ဘာလုပ်သင့်သလဲ Comment မှာ မှတ်ချက်ပေးနိုင်ပါတယ်......

Credit

[Zawgyi]
===================================









Credit

Post a Comment

Previous Post Next Post