တပ်နဲ့ ပြည်သူ


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ
မှုဖြစ်ပွားနေတဲ့ ပြင်ဦးလွင်မြို့ရှိရပ်ကွက်အချို့
တွင် တပ်မတော်နှင့် ပြည်သူပူးပေါင်းပြီး ရေဘေး
ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်
ရှိပါတယ်။

ရေဘေးကြောင့် 
- ဂဲလောင်ချောင်းဘေး ဝဲ/ယာအားလုံး၊ 
- မြမာလာအောက်ပိုင်း၊ 
- သုမင်္ဂလာအောက်ပိုင်း၊ 
- ဘူတာလမ်းဆုံ 
(ပြင်ဦးလွင်မြို့ ၃ ပုံ ၁ ပုံခန့်) ရေလွှမ်းမိုးခဲ့ကာ 
သာသနိကအဆောက်အဦ၊ စာသင်ကျောင်းများ
နှင့် လူနေအိမ် ပျက်စီးမှုတန်ဖိုး ကျပ်သိန်း (၂၀၀) 
ကျော်ခန့်ရှိတယ်လို့ သိရပါတယ်။

ယခုဆိုရင် မိုးက သည်းထန်စွာ တစ်ကျော့ပြန်
လည် ရွာသွန်းလျက်ရှိပါတယ်။

တပ်နဲ့ ပြည်သူ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်
ငန်းများကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်နေ
တာကြောင့် ပြင်ဦးလွင်မြို့မှာ ဖြစ်ပေါ်နေတဲ့ 
သဘာဝဘေးဆိုးကြီးကို အောင်မြင်စွာဖြတ်ကျော်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ဗျာ။




Post a Comment

Previous Post Next Post