ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်လုပ်ငန်းများအား ဦးစီးဆောင်ရွက်နေသူ ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိ၊ရဲပြေး အေးမင်းထွန်း၏ နေအိမ်အား ချိပ်ပိတ်

 ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနှင့် အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)တို့ဖြင့် တရားစွဲ ခံထားရသည့် တောထဲသို့ထွက်ပြေးနေသောကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်လုပ်ငန်းများအား ဦးစီးဆောင်ရွက်နေသူ ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိ၊ရဲပြေး အေးမင်းထွန်း၏ နေအိမ်အား ချိပ်ပိတ်၍ နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်စဉ် အသုံးပြုခဲ့သော အေးမင်းထွန်း၏အောင်မဂ်လာ.၂ လမ်း၊ကံ့ကော်ရပ်ကွက်ရှိနေအိမ်အား ချိပ်ပိတ်  သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။
ကျိုက်ထိုမြို့နယ်အတွင်းမှာ အေးမင်းထွန်းလုပ်ခဲ့တဲ့ အမှုပေါင်း ၆၇ ခုထိ ရှိခဲ့ကြောင်းလည်း သိရပါသည်။ကျိုက်ထီးရိုးဘုရားဖူးကားများကို လည်းပစ်ခတ်ခဲ့တယ်လို့ပြောခဲ့တဲ့ အေးမင်းထွန်းရဲ့ အမှုပေါင်း ၆၇ ခုထဲမှာ ဒလန်ခေါင်းစဉ်အောက်ကနေ အသက်ပေးခဲ့ရတဲ့ ပြည်သူတွေလည်း အများကြီးရှိခဲ့ပါတယ်...
အေးမင်းထွန်းရဲ့ အကြမ်းဖက်မှုကြောင့် ပါတီဝင် ၃ ဉီး၊ အုပ်ချပ်ရေးမှူး ၁ ဉီး၊ ရာအိမ်မှူး ၂ ဉီး နှင့် ပြည်သူနှင့် ကလေးငယ် ၁၇ ဉီး ေT ဆုံးခဲ့ကြောင်းလည်း သိရှိခဲ့ရပါတယ်...ထို့အပြင် လုပ်ကြံTတ်ဖြတ်မှုကြောင့် အသက်မသေပဲ ဒဏ်ရာရရှိသူ ၃၆ ဉီးရှိကြောင်းလည်း သိရပါတယ်...
အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် တောထဲသို့ ခွေးပြေးဝက်ပြေး တိမ်းရှောင် နေသူ အေးမင်းထွန်း၏ နောက်လိုက်များအားလုံး၏ ပိုင်ဆိုင်မှုများအားလုံးကိုလည်း မကြာမီအချိန်အတွင်းမှာ ထပ်မံချိပ်ပိတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့ကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက အကြမ်းဖက်မှုများ လျော့ပါစေရန်နှင့် ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန် အကြမ်းဖက်သမားများနှင့် ဆက်နွှယ်သူများအား သိရှိ/ တွေ့ရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များထံသို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း အသိပေးလိုက်ပါတယ် 

လင်းနေ

Post a Comment

Previous Post Next Post