"(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှ ပြိုင်ပွဲဝင် မြန်မာမသန်စွမ်းအားကစားသမားများ ရွှေတံဆိပ်(၁၄)ခု ဆွတ်ခူးပြီး အမိမြေသို့ ပြန်လည်ရောက်ရှိ"

အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့သည် ရွှေတံဆိပ်ဆု (၁၄) ခုနှင့် အခြားဆုတံဆိပ်များကိုဆွတ်ခူးကာ ယနေ့နံနက်ပိုင်းတွင် အမိမြေသို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။
မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယင်းကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစား၊ ရေကူးအားကစား၊ ဘောလုံးအားကစား၊ အလေးမအားကစားနှင့် မြားပစ်အားကစားနည်းတို့မှ ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ်(၁၂)ခု၊ ကြေးတံဆိပ်(၁၇)ခု၊ စုစုပေါင်း ဆုတံဆိပ်(၄၃)ခု နိုင်ငံအလိုက်အဆင့်(၆) ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အောင်ပွဲရ အားကစားအဖွဲ့ကို အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ အားကစားနယ်ပယ်အသီးသီးမှ တာ၀န်ရှိသူများ၊ ပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်ဟု သိရသည်။
#mhtnews

Post a Comment

Previous Post Next Post