မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ကို ၅၀၅ အမှု ၅ ခုအတွက် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ အမှု ၅ မှုအတွက် တစ်မှုကို ၂ နှစ်စီနဲ့ စုစုပေါင်း ၁ဝ နှစ် ချမှတ်လိုက်တာလို့ အမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။

ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ ဥပဒေမဲ့ ဆူပူဆန္ဒပြနေစဥ် အိမ်စီးကားနဲ့တိုက်မိရာကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး မုံရွာအကျဉ်းထောင်မှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

လက်ရှိမှာ ဝေမိုးနိုင်အနေနဲ့ လူသတ်မှု၊ ဓားပြမှုတွေအပြင် ဒလန်စွပ်စွဲပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှုတွေ အပါအဝင် နောက်ထပ် ၄ မှု ဆက်လက် ရင်ဆိုင်ဖို့ ကျန်နေသေးတာမို့ သေဒဏ်အထိ ကျခံရနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
#mhtnews

Post a Comment

Previous Post Next Post