နိုင်ငံရေးဆိုသည်မှာ.....

သမ္မတ တာဝန်ထမ်းဆောင်ပြီးရင်
အသုံးပြုခဲ့တဲ့စာရွက်စာတမ်းတွေကို
မော်ကွန်းတိုက်ကိုပို့ရတယ်။

သမ္မတဟောင်းအနေနဲ့ အဲ့ဒီစာရွက်စာတမ်းတွေကို
သိမ်းထားပိုင်ခွင့်မရှိဘူး။
မော်ကွန်းတိုက်ကိုမလွှဲဘဲ သိမ်းထားတယ်ဆိုရင်
ဥပဒေနဲ့အညီ အရေးယူလို့ရတယ်။

အခု FBI က ထရန့်အိမ်ကိုဝင်ရှာတော့
စာရွက်စာတမ်းတွေ သေတ္တာ ၁၅ လုံးလောက်တွေ့ပြီး FBI ကသိမ်းသွားတယ်။

ဥပဒေအရဆိုရင်တော့ ၂၀၂၄ မှာလုပ်မဲ့ သမ္မတ
ရွေးကောက်ပွဲမှာ ထရန့်အနေနဲ့ဝင်ရောက်ယှဉ်ပြိုင်လို့ 
မရနိုင်တော့ဘူးလို့ဆိုတယ်။
(DASSK လို ရှောင်တာနဲ နဲ့ပေါင်းပြီးနိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ဖောက်ဖျက်ကျူးလွန်တာဆိုရင် ထရန့်ကိုထောင်ထဲတန်းပို့ပြီး ကြင်စိုးလုပ်မယ်ထင်တယ်)

အဲ့ဒီလို FBI က ထရန့်အိမ်ကိုဝင်ရှာတာနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က မသိဘူးလို့ပြောတယ်။
(အစိုးရမသိဘဲ US တရားရေးဌာနက လုပ်ချင်ရာလုပ်လို့ရတဲ့ သဘောပေါ့။)

ပြောချင်တာက
မော်ကွန်းတိုက်ကို လွှဲရမဲ့စာရွက်စာတမ်းတွေကို 
မလွှဲဘဲ အိမ်မှာသိမ်းထားလို့မရဘူးဆိုတာကို သမ္မတအိမ်တော်ကဝန်ထမ်းတွေက ထရန့်ကို ဘာလို့အသိမပေးတာလဲ?

မော်ကွန်းတိုက်က ဝန်ထမ်းတွေကလည်း စာရွက်စာတမ်းတွေလွှဲပေးဘို့ ထရန့်ကို ဘာလို့အကြောင်းမကြားတာလဲ?
အခုအချိန်ရောက်မှ တရားရေးဌာနက ဒီကိစ္စကိုအကြောင်းပြပြီး ထရန့်အိမ်ကို ဝင်ရှာရတာလဲ?

မေးခွန်းအားလုံးကို ခြုံကြည့်ရင်
" နိုင်ငံရေးဆိုသည်မှာ "ရဲ့ အဓိပ္ပါယ်ပါပဲ။

ထားပါ။

ဖေ ၁ ရက်မှာ တပ်မတော်က အာဏာထိန်းတော့
ဦးဝင်းထိန်က DASSK ရဲ့ အာဘော်အစစ်ဖြစ်တယ်ဆိုတဲ့ ပြည်သူသို့ပန်ကြားချက် တစ်စောင်ထုတ်တယ်။

ပန်ကြားချက်ရဲ့အဓိကဆိုလိုရင်းက
တပ်မတော်က အာဏာသိမ်းတာကိုလက်မခံဘဲ
ဆန့်ကျင်တုန့်ပြန်ဘို့ တိုက်တွန်းတာပါ။

အဲ့ဒီပန်ကြားချက်အရ
ပြည်သူတွေ လမ်းပေါ်ထွက်လာတယ်။
နွေဦးတော်လှန်ရေးခေါင်းစဉ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။

ငြိမ်းချမ်းစွာကနေ အကဖ ဆန္ဒပြဖြစ်လာတယ်။
အဲ့ဒီကနေတဆင့် CRPH၊ NUG နဲ့ PDF ပေါ်လာပြီး
အကဖ လက်နက်ကိုင်တော်လှန်ရေးပေါ်လာတယ်။

Tတ်တာတွေ၊ မီးရှို့တာတွေ မိုင်းခွဲတာတွေဖြစ်လာတယ်။ တပ်မတော်က အကဖ နှိမ်နင်းရေးနည်းလမ်းနဲ့ ဖြေရှင်းတယ်။

ဟိုဘက် ဒီဘက် ေT သူတွေကို ပေါင်းလိုက်ရင် သောင်းဂဏန်းကျော်သွားမယ်ထင်တယ်။
အဲ့ဒီ ေT သူတွေဟာ မြန်မာတိုင်းရင်းသား စစ်စစ်တွေပဲဖြစ်တယ်။
တရုတ်/mုလား/ ဘာသာခြား မပါဘူး။

ဟော အခု
NUG၊ CRPH၊ PDF ကို ကျွန်မ မသိဘူး
ကျွန်မခွင့်ပြုချက်နဲ့ ဖွဲ့ထားတာလည်း မဟုတ်ဘူး
ကျွန်မ ထောက်လည်း မထောက်ခံဘူးဆိုတဲ့
သတင်းတစ်ပုဒ်တက်လာတယ်။ 

ကျွန်တော်ပြောချင်တဲ့
" နိုင်ငံရေးဆိုသည်မှာ" ဆိုတာ အဲ့ဒါပဲ။

ထားပါ။

CRPH၊ NUG နဲ့ PDF ကို DASSK က မသိဘူး
ထောက်လည်း မထောက်ခံဘူးဆိုတော့
CRPH၊ NUG၊ PDFနဲ့ NLD ပါတီဟာ
မသက်ဆိုင်တဲ့သဘော သက်ရောက်သွားတယ်။
(အစွန်းနှစ်ဖက်ကို ရောက်သွားတယ်။) 

ဆင့်ကဲဆင့်ကဲ ထပ်တွေးကြည့်မယ်ဆိုရင်

မသက်ဆိုင်တဲ့ NLD ပါတီဝင်တွေ နစကဆီမှာ လက်မှတ်ထိုးထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ အသက်ရှိသေးတဲ့သဘော

၂၀၂၃ ရွေးကောက်ပွဲမှာ NLD ပါတီအမည်နဲ့ ရွေးကောက်ပွဲဝင်ပြိုင်နိုင်တဲ့သဘော သက်ရောက်နေတယ်။

ပြောချင်တာက
ခြေဥအရ၊နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ UEC က NLD ပါတီကို ဖျက်သိမ်းခြင်းမပြုဘူး၊

ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ပြုမယ်လို့ ဆိုခဲ့ရင်(ဆိုခဲ့ရင်)

ကျွန်တော်ပြောချင်တဲ့
" နိုင်ငံရေးဆိုသည်မှာ -"

(ဆီမီးအိမ်)


Credit:
#TFM

Post a Comment

Previous Post Next Post