"ဘယ်လောက်ရရင်တော်လှန်ရေးအောင်ပြီ"

"ဘယ်လောက်ရရင်
တော်လှန်ရေးအောင်ပြီ" တဲ့

ဟုတ်ပြီ...

NLD ထဲက လူတွေထဲမှာ 
ငွေရှင်ကြေးရှင်တွေ အများကြီးပါ။
NLD ထဲက လူမဟုတ်ဘူး
NLD အားပေးတဲ့ စီးပွားရေးသမားပဲ ဆိုပါစို့

မြန်မာနိုင်ငံမှာ အဆင့် ၁၀ ဝင်တဲ့
သူဌေးတွေတောင် ပါသေးတယ်။

သူတို့လည်း အခုအစိုးရကို ကြိုက်မှာမဟုတ်ဘူး
နိုင်ငံခြားက ပိတ်တာဆို့တာနဲ့
ပြည်တွင်းမတည်ငြိမ်တော့ 
ဈေးကွက်တွေ ဂယောက်ဂယက်တွေဖြစ်နေတော့
သူတို့လည်း စီးပွားရှာလို့မရဘူး။

အဲ့တော့ မင်းတို့ပြောသလောက်ပမာဏက
သူဌေး နှစ်ယောက်လောက်ဆီက
သူတို့ပိုင်ဆိုင်မှုရဲ့ ၁၀ ပုံ ၁ ပုံစီ  ထုတ်ရင်တောင်ရတယ်။

NUG ကကောင်တွေ လူလည်တွေပဲ
အဲ့ဒီသူဌေးတွေကို အကြောင်းတစ်ခုခုပြပြီး
မဆက်သွယ်ပဲတော့ မနေဘူး....

တကယ်နိုင်မယ်ဆိုရင် အဲ့ဒီသူဌေးတွေက
ဟီးရိုးဖြစ်မှာနော်...

ထာဝရ ကျေးဇူးရှင်ဖြစ်နေမှာ။

ဘာကြောင့်ထုတ်မပေးတာလဲ။

ရှင်းပါတယ် မနိုင်လို့ မထုတ်ပေးတာပေါ့။

ဘာကြောင့် မနိုင်ရမှာလဲ....?

ဇီးသီးဗန်းမှောက်နေလို့ပေါ့......

အခု တစ်နှစ်ကျော်မှာ ၅ ထောင်စ ၁ သောင်းစနဲ့
လှူလာတာ ဘယ်မှာ နည်းပါလိမ့်မလဲ ပြည်တွင်းရော
ပြည်ပကပါ လှူကြတာ မနည်းဘူး။
အဲ့ဒီပိုက်ဆံတွေက တကယ်သုံးရင်
အရွေ့တစ်ခုကို သေချာပေါက် ရောက်နေပြီ။

တကယ်နိုင်မယ်ဆိုရင်
ဒီမိုကရေစီအတွက် ဆိုပြီး
လှူမယ့် ငပွကြီးကရှိသေးတယ်။

OIC လိုအဖွဲ့တွေ ဆိုးရော့လိုအဖွဲ့တွေက
ရှိသေးတယ်။

လူတိုင်းသိတယ် တွေးတက်တဲ့သူတိုင်းသိတယ်။
ဘယ်တော့မှမနိုင်ဘူး ဒါက အကြပ်အတည်းတစ်ခုပဲ
ဒါကြောင့် အာသီးပဲယောင်မှာ။

ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။

ဘယ်တော့မှ မနိုင်မှန်းသိလို့ သိနေလို့
ဘာမှမလှူပဲ အလကားရတဲ့
ဆန်ရှင်တွေပဲ ပိတ်ပေးတာ။

မင်းတို့အားလုံးဟာ နိုင်ငံရေးရဲ့
သားကောင်တွေ စတေးဖို့ပဲ နေသွားရတော့မယ်။

#aungmoekyaw

Post a Comment

Previous Post Next Post