ပါးပါးလှီးနေတဲ့ ဓား (သို့) CDM စစ်ပြေးများ ဆိတ်သုဥ်းခြင်း သော့ချက်


ဇာ်လမ်းတွေ ဇာတ်အိမ်တွေ ပြောပြရင်း အသိပညာလေးများ ရလိုငြားနဲ့ ပို့စ်တွေ အထပ်ထပ်တင် ခဲ့ပါတယ်...
CDM မလုပ်ကြဖို့...အန္တရာယ် ရှိတယ်ဆိုတာတွေက အစပေါ့...ရုံးဝန်ထမ်းနဲ့ ပညာရေး CDM တွေ အတွက် ပြဿနာမရှိပေမယ့်..လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုကနေ တစ်ခုဆီကို ကူးပြောင်း CDM လုပ်တာကို လက်ခံတဲ့ သူပုန်အဖွဲ့က ယုံကြည်ဖို့ဆိုတာ  တော်တော် ခဲယဉ်းတဲ့ ကိစ္စပါ..
ဒါပေမယ့် ဘယ်လောက်ပဲ ပြောပြော kalar ကားကို ကြားကဖောက်ကြည့်တဲ့ စစ်သည်တွေကတော့ နားမလည်ပဲ လုပ်ခဲ့ကြတယ်...
အကျဉ်းချုပ်ပြောရရင်...
တပ်က အာဏာထိန်းရင်ဆိုပြီး NLD ခေါင်းကြီးပိုင်းနဲ့ အနောက်အုစုပ်တဲ့ လောဘီတို့က cdm plan ချထားပြီးသား...မစားရရင် သဲနဲ့ပက်မှာ...
ဒါကြောင့်မို့ပဲ နိုင်ငံတော် နဲ့ အစိုးရတရပ်လုံးရဲ့ ယန္တရားစက်ကို မလည်ပတ်နိုင်အောင် CDM နဲ့ တိုက်နေတာပေါ့...တော်တော်လည်း ထိရောက်သလို အကျပ်အတည်းနဲ့လည်း ရင်ဆိုင်ခဲ့ရတာ မှန်ပါတယ်...
တည်ဆဲအစိုးရ အချိန်မီ ထိန်းသိမ်းနိုင်လို့ပဲ အဆင်ပြေသွားတယ်လို့ ဆိုရမယ်...
တနိုင်ငံလုံး အတိုင်အတာနဲ့ CDM မအောင်မြင်တဲ့အခါမှာ လက်နက်ကိုင်တွေဘက်ကို လှည့်လာတယ်ဆိုပါတော့...
အသိဉာဏ်ဗဟုသုတ သိပ်မရှိတဲ့ စစ်သည်တွေကို ငွေနဲ့ မက်လုံးပေး...နိုင်ငံရပ်ခြားပို့ပေးမယ် မက်လုံးပေးပြီး cdm လုပ်ဖို့ မြူဆွယ်လာကြတာ ဖြစ်ပါတယ်...


တပ်ရဲ့ လက်နက်နဲ့ လူအင်အားကို မယှဉ်နိုင်တဲ့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက တပ်ကို အမှည့်ခြွေခြွေမယ်...ပျောက်ကြားနည်းသုံးမယ်လို့ ပြောခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်...
တပ်က CDM စစ်သည်တွေအနေနဲ့ နောက်ဆက်တွဲ သတင်းတွေမှာ ဘယ်ရောက်နေပါတယ်...အေးချမ်းစွာနေထိုင်နေရပါတယ်ဆိုတာ တွေ့မိပါသလား...ဘယ်မှာမှ မတွေ့ခဲ့ပါဘူး...


တပ်နဲ့ အချိန်ပြည့် ထိတွေ့နေတဲ့အချိန်မှာ cdm စစ်သည်တွေကို ဘယ်သူမှ မျက်စေ့ဒေါက်ထောက်ပြီး ကြည့်မနေနိုင်ဘူး...ထမင်းအလကားကျွေးမထားနိုင်ဘူး..သူတို့တောင် အထပ်ထပ် အလှူခံစားနေရတဲ့ အခြေအနေမို့...CDM စစ်သည်တွေဆိုတာ နေဝင်သွားခဲ့ပါပြီလို့ ဆိုရပါမယ်...
တနည်းပြောရရင် တပ်ရဲ့ ဖွဲ့စည်းပုံကို လျော့သွားစေဖို့ ဓားနဲ့ ပါးပါးလှီးနေတယ်လို့ မြင်မိပါတယ်...
ယုံသင့် မယုံသင့် စဉ်းစားနိုင်စေရန် အလှို့ငှာ...

လင်းနေ

Post a Comment

Previous Post Next Post