KIA အနေနဲ့ ရွာတွေထဲကို ပစ်ခတ်မှု မပြုလုပ်ဖို ဝါရာဇွပ် ပြည်သူ့စစ်ခေါင်းဆောင် သတိပေး

KIA လက်နက်ကိုင်အဖွဲအနေနဲ့ ကျေးရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု မပြုလုပ်ဖို ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်မှာရှိတဲ့ ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင်က သတိပေး ပြောဆိုလိုက်ပါတယ်။
KIA အဖွဲတွေဟာ တိုက်ပွဲဖြစ်ပြီဆိုရင် ဝါရာဇွပ် ပြည်သူ့စစ်တပ်စခန်းအနီးက ကျေးရွာအတွင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် ယခုလိုသတိပေးပြောဆိုလိုက်တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့က KIA နဲ့ PDF အကြမ်းဖက်တွေဟာ ဝါရာဇွပ်ပြည်သူ့စစ်စခန်းကို လာရောက်တိုက်ခဲ့ရာမှာ KIA ဘက်က အထိအခိုက် အကျရှုးများစွာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရပြီး KIA တွေရဲ့ပစ်ခတ်မှုကြောင့် ၎င်းတပ်စခန်းအနီးက ကျေးရွာအတွင်းရှိ လူနေအိမ်များ ပျက်စီးမှုဖြစ်ပေါ်ခဲ့လို ပြည်သူ့စစ်တပ်ဖွဲမှ တစ်အိမ်ကို ကျပ် ၅ သောင်းနှုန်းနဲ့ ထောက်ပံ့ပေးအပ်ခဲ့တယ်လို သိရပါတယ်။

Post a Comment

Previous Post Next Post