Lavrov ဘာကြောင့် မြန်မာနိုင်ငံကို လာသလဲ?

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဘာကြောင့် မြန်မာပြည်ကို လာသလဲဆိုပြီး မေးနေကြလို့ ပြောပြမယ် …
Lavrov က မြန်မာနိုင်ငံနဲ့ သဘောတူညီထားတဲ့ လုပ်ငန်းတွေနဲ့ မဆွေးနွေးရသေးတဲ့ အခြားကိစ္စရပ်တွေကို လာပြီး ဆွေးနွေးတာဖြစ်ပါတယ် ..

ရုရှားထုတ်ပြန်ချက်မှာလဲ Lavrov မြန်မာပြည်ကိုလာတာ အခြားဘယ်နိုင်ငံကိုမှ ဖိအားပေးခြိမ်းခြောက်တာ မဟုတ်ဘူး .. မြန်မာနိုင်ငံအကျိုးစီးပွားအတွက်သာလို့ ဖော်ပြထားပါတယ် ..

နောက်တစ်ချက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီး Summit နဲ့လည်း ချိတ်ဆက်နေတယ် ..

မြန်မာနဲ့တွေ့ပြီးရင် Lavrov က အာဆီယံအစည်းအဝေးကို သွားမှာဖြစ်တယ် ..

အဲ့ဒီ အာဆီယံ Summit မှာ ဦးဝဏ္ဏမောင်လွင် ကို ဖိတ်ကြားထားခြင်းမရှိလို့ မြန်မာနိုင်ငံဘက်ကလည်း ဘယ်ကိုယ်စားလှယ်မှ မလွှတ်ဘူး ..

နောက်တစ်ခုက မြန်မာက ဘုန်းတော်တော်ကြီးတယ်လို့ပြောရမယ် .. ကမ္ဘာ့ထိတ်ထိတ်ကြဲ ရုရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာကို တကူးတကလာပြီး နစကဥက္ကဌရယ်၊ ဦးဝဏ္ဏမောင်လွင် လာတွေ့တယ်ဆိုတာ ကြုံတောင့်ကြုံခဲပဲ ..နောက်ပြီး မြန်မာနိုင်ငံဟာ သံတမန်ရေးရာ အရ အထီးကျန်ဆန်မနေဘူး ဆိုတာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုက ချပြတာဖြစ်တယ် ..

ပြီးတော့ အာဆီယံနိုင်ငံတွေကို ဘာမှာချင်လဲ? ငါကိုယ်တိုင်ပြောပေးမယ်ဆိုတဲ့ အထာဗျ

တစ်ဖက်ရပ်ကွက်ကတော့ မနာလိုမရှုစိမ့်နဲ့ ဘယ်လို Blame မလဲဆိုတာ စောင့်ကြည့်ပေါ့။

Post a Comment

Previous Post Next Post