အကြမ်းဖက် PDF သင်တန်းဆင်း ၄ ဦးဖမ်းဆီရမိ

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် ၁၇၃၀အချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစန်းမှ န/ထ ခေါင်းဆောင် ဒုရဲအုပ် ဝင်းပိုင် ဦးစီး(၁+၅)ဦးအဖွဲ့ နယ်မြေ အတွင်း လှည့်ကင်း တာဝန်ဆောင်ရွက် နေစဉ် ရဲစခန်း၏ တောင်ဘက်(၃)ဖါလုံခန့်အကွာ အောင်ပင်လယ်ရပ်ကွက်၊ ၅၃လမ်းနှင့် ၁၁၁(စီ)လမ်းထောင့် နန်းတော်ဝင်"တည်းခိုခန်း ၌ မသင်္ကာဖွယ် လူငယ်(၄)ဦး ရောက်ရှိနေကြောင်းမန္တလေးပြည်သူ့စစ် သတင်းပေးချက် အရ ၀ငျရောကျရှာဖှေ ဖမ်းဆီးစစ်ဆေးရာ ဆန်းဝင်းကို (ခ)ဗိုလ်ခါး၊ (၁၉)နှစ်၊ (ဘ)ဦးဝင်းမြင့်၊ မဝတ-မရှိ၊ ဗမာ/ဗုဒ္ဓ၊ ဆေးသုတ်လုပ်၊ ဆဆ-၁၀၊ အောင်ပင်လယ်ရပ်ကွက်၊
ချမ်းမြသာစည်မြို့နယ်၊ စိုင်းဖြိုးဇော်(ခ)စိုင်းလေး၊ (၂၁)နှစ်၊ (ဘ)ဦးစန်းမြင့်၊ မပတ-မရှိ၊ ဗမာ/ဗုဒ္ဓ၊ ကုန်ထမ်းလုပ်၊ မြဟင်္သာရပ်ကွက်၊ အမရပူရမြို့နယ်၊ မိုးညို၊ (၂၁)နှစ်၊ (ဘ)ဦး အောင်နိုင်ထွန်း၊၊ မပတ-မရှိ၊ ဗမာ/ဗုဒ္ဓ၊ ပန်းပုလုပ်ငန်း၊ သမ္မတောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နှင့် ထွန်းထွန်းဝင်း
(ခ)လမဲ၊ (၁၉)နှစ်၊(ဘ)ဦးစိုးအောင်၊ မပတ-မရှိ၊ ဆဆ-၁၀၊ အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် နေထိုင် သူတို့ဖြစ်ပြီး ၎င်းတို့(၄)ဦးသည် နမ္မတူမြို့ တောတွင်း တစ်နေရာတွင် KIA မှ ဖွင့်လှစ်သည့် PDF (အကြမ်းဖက်) သင်တန်း အပတ်စဉ်(၄)အား လွန်ခဲ့သော တစ်နှစ်ကျော် ခန့်က တက်ရောက်၍ KIA တွင် ဆက်လက် တာဝန်ထမ်း ဆောင်ခဲ့သူ PDF များဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အရေးယူဆောင်ရွက်နိုင်ရန် ရဲစခန်း၌ အသေးစိတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

#kk

Post a Comment

Previous Post Next Post