PDF တို့၏ ယုတ်မာရက်စက်မှု

အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း PDF တွေအကျအဆုံးများ လာပြီး အခြေစိုက်စခန်းတွေလည်း စီနင်းတာခံနေရပါတယ်။ 

ဒီလိုဖြစ်ရခြင်းဟာ ပြည်သူတွေဘက်က PDF တွေရဲ့ ရက်စက်စွာ လူသတ်မှု၊ မညှာ မတာ ရန်ပုံငွေကောက်ခံမှုနဲ့ ရိက္ခာအတွက် အတင်းအဓမ္မလုယက်ခဲ့မှုကို  မခံနိုင်တော့ တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို  သတင်းပေးလာကြလို့ပဲဖြစ်ပါတယ်။ 

PDF တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ အမည်ခံထားပေမယ့် နောက်ကွယ်မှာ တော့ KIA အဖွဲ့ရဲ့ အကြံအစည်များအရ PDF ကိုအားမပေး၊ မထောက်ခံတဲ့ရွာတွေကို မီးရှို့ဖျက်ဆီးမှု၊ အဓိကပင်မဆက်သွယ်ရေးလမ်းကြောင်းတွေမှာ မိုင်းထောင်ဖောက်ခွဲခဲ့ မှုတွေကြောင့် PDF တွေရဲ့‌ တော်လှန်ရေးဟာ နစကအစိုးရကို မထိခိုက်ပဲ ဒေသခံပြည်သူတွေကိုသာ ထိခိုက်လျက်ရှိပါတယ်။ 

ဒါကြောင့်လည်း တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ သာမန်တောသူတောင်သား တွေဟာ မိမိတို့အသက်အိုးအိမ်နဲ့ မြို့ရွာလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်လာခဲ့ကြပါတယ်။ 

ဒီလိုလုပ်လာခြင်းအပေါ် အစွန်းရောက် NLD ထောက်ခံသူများနဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေက မြို့/ရွာတွေကို အရင်ကထက်ပိုပြီးတော့ မီးရှို့ဖျက်ဆီးမှုတွေ ပိုပြီးပြုလုပ်လာကြပါတယ်။ 

အခုနောက်ဆုံးဖြစ်စဉ်ကတော့ မြိုင်မြို့နယ်ထဲက တွင်းမကျေးရွာမှာ PDF တွေရဲ့ ရက်စက်ယုတ်မာမှုများကတော့ ကြားသိရသူတိုင်း စိတ်နှလုံးထိခိုက်ရပြီး ဒုက္ခတွေ့ကြုံ ခဲ့ရတဲ့ အပြစ်မဲ့ရွာသားများအတွက် အလွန်စိတ်မကောင်းဝမ်းနည်းကြေကွဲမိပါတယ်။
Crd
#SQ
https://t.me/snowqueen1245

Post a Comment

Previous Post Next Post