Shock and awe

Shock and awe ကို The very quick use of a very large amount of force by the military, in order to make the enemy no longer want to fight. လို့ အဓိပ္ပာယ် ဖွင့်ဆိုတယ်။
    
 ရန်သူဟာ တိုက်လိုခိုက်လို စိတ်မရှိတော့တဲ့ အထိကို ဖြစ်သွားတာမျိုးပေါ့။ ကြောက်ရွံ့ထိတ်လန့်တုန်လှုပ် သွားတာမျိုးပေါ့။ ဘယ်လိုမှ မယှဉ်နိုင်တော့လို့ အရိုအသေ ပေးရတဲ့အထိ ဖြစ်သွားတာမျိုးပေါ့။
    
 ဒီလိုဖြစ်ဖို့ဆိုတာ အင်အားကြီးတာ တစ်ခုတည်းနဲ့တော့ မရဘူး။ အင်အားကိုစနစ်တကျ အသုံးချတတ်ဖို့ ရန်သူကို ဖိနှိပ်ထားနိုင်ဖို့လည်းလိုတယ်။ ဒီနေရာမှာ ပြတ်သားတဲ့အမိန့်နဲ့ တိကျစွာဆောင်ရွက်နိုင်မှုဟာ အရေးကြီးတယ်။
    
 ဒါနဲ့ပတ်သက်လို့ တို့အတွေ့အကြုံ တစ်ခုပြောပြချင်တယ်။ ပြောက်ကျားနယ်မြေမှာ ရိက္ခာပုံဖို့ လမ်းဖောက်စဉ် အခါကပေါ့။ တို့ ဗျူဟာနယ်မြေမှာ ပုံမှန် ရန်သူ့စက် ၅ လုံးလောက်ပဲ ကြားဖြတ်ဖမ်းလို့ရတယ်။ စက် ၃ လုံးလောက်နဲ့ နေ့စဉ် ကြားဖြတ် ဖမ်းပြီး လက်အောက်တပ်တွေကို သတင်းချပြနေခဲ့တယ်။ 

 လမ်းဖောက်ဖို့ ယာဉ်တွေ တက်လာချိန်မှာတော့ စက် ၂၇ လုံးလောက်အထိ ပေါ်လာခဲ့တယ်။ အရပ်သားတွေ ယာဉ်သုံးတဲ့ နေရာအထိ ကားမိုင်းသတင်း မရပဲ အဲဒီအကျော်မှာတော့ မိုင်း ၅ လုံးရှိနေတယ်လို့ မြေပြင်သတင်းရတယ်။ ဒါနဲ့လမ်းဖောက်မဲ့ တပ်ရင်းမှူးကို ညွှန်ကြားချက် ပေးရတာပေါ့။ 
     
 ဒီဒေသမှာ ကားမိုင်းဟာ လက်လုပ်မိုင်းတွေဖြစ်ပြီး မိုးတွင်းကတည်းက ကြိုမြှုပ်ထားတာ ဖြစ်တဲ့အတွက် မိုင်းရှာစက်နဲ့ ရှာလို့မရနိုင်ဘူး။ သူ့ကိုရှာချင်ရင်တော့ ကားလမ်းဘေးကို ပေါက်တူးတစ်ပြားစာပေါက်ပြီး ဝါယာကြိုးကို တွေ့အောင်ရှာ၊ ဝါယာကြိုးတွေ့ရင် မိုင်းတွေ့မယ်လို့ ညွှန်ကြားချက်ပေးခဲ့တယ်။ ရန်သူ့စက်ကိုလည်း ကြားဖြတ်ဖမ်းပြီး လိုအပ်သလို ဆောင်ရွက်ဖို့မှာခဲ့တယ်။ 
    
 အဲဒီလိုနဲ့ လမ်းစဖောက်မဲ့နေရာကို ချီတက်နေတုန်းမှာ မြေထိုးစက်ကို အာပီဂျီနဲ့ ပစ်မယ်ဆိုပြီး ကြားဖြတ်သတင်း ပေါ်လာတယ်။ သူတို့ လမ်းကိုမြင်နေရကြောင်း၊ ရဲဘော်တွေသွားနေတာ တွေ့ရကြောင်း၊ မြေထိုးစက်ကိုတော့ မမြင်ရသေးကြောင်း ပြောနေကြတယ်။ ဒါနဲ့ တပ်ရင်းမှူးကို လှမ်းပြောတယ်၊ မင်းတို့ကိုပစ်တော့မယ် သူတို့ လှမ်းကြည့်နေတဲ့ နေရာကို မင်းရှိတာနဲ့ ပစ်ရှင်းပါဆိုပြီး အမိန့်ပေးလိုက်တယ်။ တပ်ရင်းမှူးလည်း အမိန့်အတိုင်း ဆက်ဆောင်ရွက်တဲ့အခါ အဲဒီစက်သံ ပျောက်သွားခဲ့တယ်။ 
    
 တပ်ရင်းမှူးလည်း တို့ပြောတဲ့အတိုင်း မိုင်းရှာနိုင်ခဲ့လို့ ယာဉ်တစ်စီးမှ မိုင်းမထိပဲ လမ်းဖောက်နိုင်ခဲ့တယ်။ နောက်နှစ် လမ်းဖောက်တဲ့ရာသီမှာ တို့ နကတ တက်ပြီး နှစ်၀က်ကျောင်းပိတ်ချိန် ပြန်လာတော့ ဒုတိုင်းမှူးနဲ့တွေ့တယ်။ အဲဒီမှာသူက ခင်ဗျားမနှစ်က လမ်းဖောက်တာ တစ်စီးမှ မိုင်းမထိဘူး၊ ဒီနှစ် ကုလားကြီးတော့ ၃ စီးရှိပြီ လို့ဆိုတယ်။
   
 အဲဒီမှာ တို့ရဲ့အားသာချက်က မြေပြင်သတင်းကို ဖော်ထုတ်နိုင်တယ်။ မိုင်းကို ဘယ်လိုရှာရမယ်ဆိုတာ ပြောနိုင်တယ်။ ရန်သူ့စက်ကို ကြားဖြတ်ရအောင်လိုက်၊ သူတို့လုပ်မှာကို အချိန်နဲ့တပြေးညီ သိအောင်လုပ်ပြီး ချက်ခြင်းတုန့်ပြန် နိုင်တာပါပဲ။
     
 အဲဒီတော့ မိမိတပ်အကြောင်းသိမယ်၊ ရန်သူ့အကြောင်း သိမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း နိုင်ခြေရှိတယ်လို့ ရှေးကစစ်ပညာရှင် ဆွန်ဇုကပြောခဲ့သလို၊ ခုခေတ်မှာတော့ ရန်သူက ကြောက်ရွံ့ရိုသေပြီး ခန့်ညား လေးစား လာရမယ် ဆိုတာပါပဲ။
    
 Know ကိုနားလည်ခြင်းဖြင့် ရန်သူက ခန့်ညား လေးစားရသော ခေါင်းဆောင်များ ဖြစ်ကြပါစေ။

crd***original post of ST
#JBT

Post a Comment

Previous Post Next Post