ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် နစကဥက္ကဌနှင့် SSPPဒုဥက္ကဌ (၁)တို့ တွေ့ဆုံ

ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် နစကဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် SSPP/SSA ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်းတို့ သြဂုတ် ၄ရက်တွင် စတင်တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းသို့တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းသောပြည်ထောင်စုတည်ဆောက်ရေးအတွက် တပ်မတော်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်
ရခြင်းဖြစ်ကြောင်း SSPP/SSA ဘက်က ယမန်နေ့တွင်ပြောကြားထားသည်။

တပ်မတော်နှင့် ဆွေးနွေးရန် SSPP  ဘက်မှ ဒုဥက္ကဌ (၁) ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင် များသည် သြဂုတ်လ ၂ ရက်နေ့၌ နေပြည်တော်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဖြင့်လည်းတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
New Shape Mzk

Post a Comment

Previous Post Next Post