ဘူးသီးတောင်မြို့ တောင်ဘက်အနီးတဝိုက်မှာရှိ ရွာများဖြစ်တဲ့စိမ့်ညှင်းပြာရွာရှိတံတား နဲ့ရွာလမ်းမကြီး ဘေးအနီးတဝိုက် မိုင်းများထောင်ထားမှုများ၊ဂူတာပြင်ကျေး ရွာရှိ ဗလီအဆောက်အဦ နဲ့စေတီကုန်းများ တွင်နေရာယူပြီးဗလီအပြင်ဘက်တွင် ပစ်ကျင်းများတူးဖေါ် နေရာယူမှုများ၊သပိတ်တောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားကုန်း တွင်ပစ်ကျင်းများတူးဖေါ်ထားရှိပြီးရွာပတ်ဝန်ကျင်းမှာလည်း မိုင်ထောင်ထားရှိမှုများ၊ညောင်ချောင်းကျေးရွာနှင့် ဖယုံချောင်းကျေးရွာ အများပြည်သူ အသုံး ပြုနေသော ရွာချင်းဆက်လမ်းမများပေါ်တွင် မိုင်းများထောင်ထားခြင်းများနဲ့ ငှက်ပျောချောင်းကျေးရွာအနီးတောင်ကုန်းများတွင် ပစ်ကျင်းများတူးဖေါ်ပြီး ရွာအနီးတဝိုက်အဝင်အထွက်လမ်းများတွင် မိုင်းထောင်ထားတာတွေကိုAAအဖွဲ့ကပြုလုပ်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။
အဲ့ဒီသတင်းရရှိမှုအခြေနေများနှင့် စပ်လျှင်းပြီးတော့ နယ်မြေခံ ဘူးသီးတောင်အခြေချ စစ်ဗျူဟာမှူးက ဘူးသီးတောင်မြို့ရှိ ရခိုင်လူမျိုး ရပ်မိရပ်ဖများ၊အကြီးအကဲများနဲ့ ဌာနဆိုင်ရာ အကြီးအကဲများကိုလည်းကောင်း ၊
မူစလင်လူမျိုး ရပ်မိရပ်ဖများနဲ့ ဘာသာရေးခေါင်းဆောင် မော်လဝီဆရာများအားလည်းကောင်းခေါ်ယူတွေ့ဆုံ၍ AA အဖွဲ့၏လုပ်ဆောင်ချက်များမှာအခြားလက်နက်ကိုင်သောင်းကျန်းသူများ၏ လုပ်ဆောင်ချက်များနှင့်မတူဘဲ ဗုဒ္ဓဘာသာဝင်များ၏အထွတ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦများဖြစ်သော ဘုရားစေတီ၊ဘုန်းတော်ကြီးကျောင်းနဲ့ မူစလင်လူမျိုးများ၏ အထွတ်အမြတ်ထားရာ ဗလီများအား ခြေကုတ်ရယူ၍အကာအကွယ်ယူကာ ပစ်ကျင်းများတူးကာ နေရာယူခြင်းများ အများပြည်သူ အသုံးပြုသွားလာနေသော လူသွားလမ်းများ၊တံတားများနှင့် ရွာပတ်ဝန်းကျင်များတွင် မိုင်းထောင်ခြင်းများမှာဒေသခံရွာသားများအား လူသားဒိုင်းကာသဖွယ်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ကာ စစ်တပ်အားတိုက်ခိုက်သည့် ပုံစံဖြစ်လာ
ပါတယ်၊နိုင်ငံတကာသတ်မှတ်ချက်မူဝါဒဖြစ်တဲ့ ဂျီနီဗာကွန်းဗန်းရှင်း ဉပဒေများကိုလည်း လိုက်နာမှုမရှိဘဲ အကြမ်းဖက်သောင်းကြမ်းသူ အသွင်သဏ္ဍန်ဖြစ်နေခြင်းများအား ပြောကြားခဲ့တယ်လို့သိရပါတယ်။
#KK
Post a Comment