ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအတွင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကျေးရွာအတွင်း၊ ဗလီ၊ စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်တောင်ကုန်းများ၌ပစ်ကျင်းများတူး၍ စခန်းချ နေပြီး ရွာဝင် လမ်း တလျောက် မိုင်းများထောင် ကာ ရွာသားများအား လူသားတံတိုင်းအဖြစ် အကာကွယ်ယူနေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှသိရှိရပါသည်။
ဘူးသီးတောင်အခြေစိုက် ဗျူဟာမှူးကလည်းဒေသခံအစ္စလာမ်ဘာသာရေးနှင့် လူမျိုးစုခေါင်းဆောင်များ ခေါ်ယူတွေ့ဆုံ၍ ကျေးရွာအတွင်း တိုက်ပွဲများဖြစ်ပွားပါက ရွာသားများအသက် အန္တရာယ်ထိခိုက်နိုင်သဖြင့် ကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားမှုအား ရှောင်ရှားနိုင်ရန် ဘင်္ဂါဒေသခံများ အသိပေး အကြောင်းကြားစေခဲ့သော်လည်း ဗလီ၌စခန်းချနေထိုင်သော AA ခေါင်းဆောင်က ၎င်းတို့၏သဘောဖြင့် လာရောက်နေထိုင်ခြင်းမဟုတ်ဘဲ AA ခေါင်းဆောင်ပိုင်း၏ ညွှန်ကြားချက်ဖြင့် လာရောက်နေထိုင်ခြင်း ဖြစ်ကြောင်း ၎င်းတို့၏လုပ်ငန်းများအပေါ်ထိခိုက်လာပါက ကျေးရွာတာဝန်ခံနှင့် ဗလီဆရာတို့အား သတ်ဖြတ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံ ကို အာနောစ် ထံမှသိရှိရပါသည်။
AA ခေါင်းဆောင် ထွန်းမြတ်နိုင်က ဘင်္ဂါလီများအား ရိုဟင်ဂျာအဖြစ်သတ်မှတ်၍ ရခိုင်ပြည်နယ် အတွင်း အခြေချနေထိုင်ခွင့်နှင့် သဟဇာတဖြစ်ရေး ပြောဆိုနေသော်လည်း ယခုကဲ့သို့ ကျေးရွာအတွင်း အဓမ္မ ကျူးကျော်နေထိုင်ကာ ဘာသာရေးအဆောက်အဦများ၌ မူးယစ်သောက်စားနေထိုင်ခြင်းလူထုအကာအကွယ်ယူ စစ်ပွဲ ဖန်တီးခြင်းများသည် ဘာသာ ရေးအရ ကိုးကွယ်ယုံကြည်မှုအား စော်ကားရာရောက်သည့်အပြင် ထွန်းမြတ်နိုင်သည် အပြောနှင့်အလုပ် မညီသူဖြစ် ကြောင်း ဒေသခံဘင်္ဂါလီများမှ ဝေဖန်လျက်ရှိပါသည်။
##ဂူတာပြင်
##ဗလီAA ပစ်ကျင်းတူး
##မိုင်းထောင်

Post a Comment