အတတ်ဟောဗေဒင်

နောင်အနှစ်၂၀ ကြာတဲ့အခါ
ဒီကလေးတွေထဲက 
အုပ် စု တစ် ခု က
ပညာတတ်တွေဖြစ်ပြီး
တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေ
အစိုးရယန္တရားတွေမှာ ပါ၀င်ဆောင်ရွက်နေလိမ့်မယ်
တခြားအုပ် စု တစ် ခု က တော့
သူတို့ခေါင်းဆောင်တွေအတွက်
မူးယစ်ဆေးဝါးချက်ရောင်း၊
ဆက်ကြေးကောက်၊လူသတ်၊မိုင်းထောင်၊
တံတားချိုး၊မီးရှို့
အစိုးရယန္တရားတွေကို ဖျက်ဆီးတဲ့အလုပ်တွေလုပ်နေလိမ့်မယ်

#နောင်အနှစ်၄၀/၅၀ ကြာတဲ့အခါမှာ
အုပ် စု တစ် ခု က
သူဌေးကြီးတွေ၊အရာရှိကြီးတွေ၊
ပညာရှင်ကြီးတွေဖြစ်ပြီး
တိုင်းပြည်ကို ဦးဆောင်နေကြလိမ့်မယ်

အဲဒီအခါမြာ--
ဒီလူတွေရဲ့နုတ်ကနေ
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်
ငြိမ်းချမ်းရေးက အရေးကြီးတယ်
သောင်းကျန်းသူတွေအနေနဲ့
ငြိမ်းချမ်းရေးဆွေးနွေးတာကို
အကြောင်းပြပြီး
ကိုယ်ကျိုးမရှာဖို့၊အခွင့်အရေးမယူဖို့
ပြောနေကြလိမ့်မယ်

တခြားအုပ် စု တစ် ခု က တော့
သောင်းကျန်းသူခေါင်းဆောင်ဆိုသူတွေဖြစ်လာပြီး
ကိုယ်ကိုယ်တိုင်လေ့လာဆည်းပူးစရာတွေ
ကြိုးစားအားထုတ်တာတွေတော့
ဘာမှမလုပ်ခဲ့ပဲနဲ့
စာမတတ်တဲ့ကိုယ့်လူမျိုးကလေးတွေဖမ်း
လက်နက်အတင်းကိုင်ခိုင်း
လက်နက်ဗန်းပြပြီး
အခွင့်အရေးရလိုတဲ့စိတ်နဲ့
လူမျိုးကြီးဝါဒကိုဆန့်ကျင်တဲ့အကြောင်း
တန်းတူညီမျှရေးအကြောင်းတွေကြွေးကြော်ပြီး
ကိုယ်ပိုင်ပြဌာန်းခွင့်၊ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ
ကိုအချောင်ရအောင်တောင်းဆိုလာကြပါလိမ့်မယ်

+++++++++++++++++++++++++++++++++++++++++

ဒီလူအုပ်စုနှစ်စုဟာ
နှစ်ကြာလာတာနဲ့အမျှ
အများကြီးကွာခြားလာပါလိမ့်မယ်
ဒီလိုအကွာကြီးကွာခြားလာခြင်းရဲ့ 
အရင်းခံအကြောင်းရင်းကို
ဒီဓါတ္ပုံ ၂ ပုံက ဖော်ထုတ်ပြထားပါတယ်

အခုလက်နက်ကိုင်နေတဲ့
တိုင်းရင်းသားခေါင်းဆောင်ဆိုတဲ့လူတွေဟာလည်း
လွန်ခဲ့တဲ့အနှစ် ၄၀/၅၀ ကျော်ကာလက 
ဒီဓါတ္ပုံထဲက ဘ၀ ကိုဖြတ်သန်းခဲ့ရတာပါ

အဲဒီရလာဒ္ကေတာ့
သူတို့ရဲ့မွေးရပ်မြေမှာ
ဒီနေ့ထိမီးဟုန်းဟုန်းတောက် 
စစ်တလင်းပြင်ဖြစ်ပြီး
အရာရာနောက်ကျကျန်ခဲ့ရတာပါပဲ

ဒီနေ့အထိလည်း
ငါတို့ဒေသဒီလိုဆင်းရဲနိမ့်ကျနေတာ
ငါတို့ကြောင့်လို့အခုထိတွေးနိုင်တဲ့
ဥာဏ်ရည်မရှိသေးပါဘူး
လောလောဆယ်
လက်နက်ကိုင်ရတုန်းမှာ
ငွေရအောင်ရှာဖို့၊နိုင်ငံရေးနေရာရဖို့
အဖွဲ့အင်အားကြီးလေပါဝါကြီးလေဖြစ်တဲ့အတွက်
ကိုယ့်တိုင်းရင်းသားလူငယ်တွေကို
ထပ်ဖမ်းပြီးလက်နက်ကိုင်ခိုင်းဖို့ပဲ
ကြိုးစားနေကြတာတွေ့ရပါတယ်

ဒီဒေသတွေ ဆင်းရဲအောင်ဘယ်သူလုပ်ခဲ့တာလဲ
ဒီလူတွေစာမတတ်အောင်ဘယ်သူလုပ်ခဲ့တာလဲ
ဒီလူတွေကို စဉ်းစားတွေးခေါ်ဥာဏ်မဲ့အောင်
ဘယ်သူလုပ်ခဲ့တာလဲ
လွန်ခဲ့တဲ့အနှစ် ၄၀/၅၀ လောက်က
သူတို့ကိုဖမ်းပြီး သူပုန်အဖွဲ့ထဲသွင်းပေးခဲ့တဲ့
သူပုန်ခေါင်းဆောင်တွေပဲဖြစ်ပါတယ်

မွေးရပ်မြေကိုသိပ်ချစ်ကြတဲ့
မြို့ပေါ်ရောက်တိုင်းရင်းသားတွေထဲမှာ
ပညာတတ်တဲ့သူတွေအများကြီးပါ
ဒီပညာတတ်တွေဟာအဲဒီတုန်းက
အဲဒီဒေသမှာနေခဲ့မယ်ဆိုရင်
သူပုန်အဖမ်းခံခဲ့ရမယ်ဆိုရင်
အခုလိုအေးအေးချမ်းချမ်းစာသင်ခဲ့ရပ့ါမလား
တော်ရင်တော်သလို
လွတ်လပ်စွာကြီးပွားချမ်းသာခွင့်ရှိတဲ့မြို့ပေါ်မှာ
ချမ်းသာနေတဲ့မြို့ပေါ်ရောက်
တိုင်းရင်းသားသူဌေးတွေအများကြီးပါ
ဒီလူတွေသာသူပုန်အဖမ်းခံရရင်
လူမွှေးလူတောင်ပြောင်နိုင်ပါအုံးမလား

တိုင်းရင်းသားပညာတတ်တွေကဦးဆောင်ပြီး
ကိုယ့်လူမျိုးတွေကိုဒီလိုသူပုန်အဖမ်းခံနေရတဲ့ဘ၀ကနေ
ဆွဲတင်ဖို့ကြိုးစားတာမျိုးလုံး၀မတွေ့ရသေးပါဘူး
စာမတတ်တဲ့သူပုန်တွေက
ကိုယ့်လူမျိုးကောင်းစားရေးလို့ကြွေးကြော်တာကို
မဟုတ်မှန်းသိရဲ့နဲ့
စာတတ်တဲ့မြို့ပေါ်နေတိုင်းရင်းသားတွေက
အသာလေးလွှတ်ပေးထားတာကိုတွေ့ရပါတယ်
ကိုယ့်မွေးရပ်မြေကို 
တကယ်ချစ်တဲ့တိုင်းရင်းသားတွေ
ဘာတွေလုပ်နေကြပါသလဲ

ဒီပုံထဲကကလေးတွေကတော့
မျိုးဆက်လိုက်
အညွန့်တုံးတော့မှာပါ
သူတို့ရဲ့မျိုးဆက်တစ်လျောက်မှာတော့
ကျန်တဲ့တိုင်းရင်းသားတွေထက်နောက်ကျပြီး
လူဆိုးလေးတွေ၊လူမိုက်လေးတွေ
တိုင်းပြည်ဖျက်တဲ့လူတွေပဲထပ်တိုးလာအုံးမှာပါ
အရင်ခေတ်သူပုန်ခေါင်းဆောင်တွေကြောင့်
အခုခေတ် တိုင်းပြည်ဖျက်တဲ့သူတွေဖြစ်လာရသလို
အခုခေတ်သူပုန်ခေါင်းဆောင်တွေကြောင့်
နောက်အနာဂါတ်ရဲ့တိုင်းပြည်ဖျက်မယ့်သူလေးတွေကို
ဓါတ်ပုံထဲမှာမြင်နေရပါတယ်

ဒီနှစ်မှာရိုက်ထားတဲ့ပုံတွေဖြစ်တဲ့အတွက်
နောက် အနှစ် ၂၀ 
နောက် အနှစ် ၄၀
နောက် အနှစ် ၅၀ မှာ

အပေါ်မှာတွက်ချက်ပြထားတဲ့
အချိန်ကာလတွေအတိုင်း
တိုင်းပြည်ကိုဖျက်ဆီးမယ့်အုပ်စုတွေ
ထပ်တိုးလာအုံးမယ်
ကာကွယ်မယ့်အုပ်စုတွေကကာကွယ်နေရအုံးမယ်
ပြည်တွင်းစစ်မီးကတော့ဆက်တောက်နေအုံးမယ်
တိုင်းရင်းသားတွေရဲ့မွေးရပ်မြေတွေကတော့
ဆက်လက်ပြီးစုတ်ပြတ်နေအုံးမယ်လို့
သေချာပေါက် ဗေဒင်ဟောလိုက်ပါတယ်ဗျာ

#crd

Post a Comment

Previous Post Next Post