ဦးဝေဇင်(၁၆.၉.၂၀၂၂)ရှာဖွေတင်ပြသည်။
နေပြည်တော် အကြောင်း ရောက်ဖူးမှ
သိ ကြုံဖူးမှ သိမည် ဖြစ်သည်။
ကျနော် အနေနှင့် နေပြည်တော်
အကြောင်း အား မိမိ အာဘော်မပါပဲ
ရှာဖွေ တင်ပြ လိုက်ပါတယ်။
ပထမဆုံး ပြော ချင်တာကတော့
နေပြည်တော် ဟာ
၂ဝဝဝ ပြည့်နှစ်အတွက် ထုတ်ဝေခဲ့ သည့် ဆရာတစ်ဝန်းမှ ထူးခြားချက်များကို မှတ်တမ်း တင်ဖော်ပြသော ဂင်းနစ်မှတ်တမ်းစာအုပ်၊ စာမျက်နှာ ၁၃၅ တွင်
မြန်မာနိုင်ငံ၏မြို့တော်အသစ် နေပြည်တော်တည်ဆောက်ရေးစီမံကိန်းကို ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် ငါးနှစ်တာအတွင်း ၅၇ ဒသမ ၈ ရာခိုင်နှုန်း အံ့ဩဖွယ်ရာပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ကြောင့် ကမ္ဘာပေါ်တွင် မြို့တော်တည်ထောင်မှုများအနက် … အမြန်ဆုံးဖြစ်ကြောင်း မှတ်တမ်းတင်ခံခဲ့ရသည့်မြို့ တော်ဖြစ်ပါသည်။
နေပြည်တော် ဖြစ်ပေါ်လာပုံ
###############
နိုင်ငံတော်၏ အုပ်ချုပ်ရေး မြို့တော်နေရာအဖြစ် ရွေးချယ်ခဲ့သော နေပြည်တော် သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အလယ်ရိုးမနှင့် ရှမ်းရိုးမ အကြား၊ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၈ မိနစ်နှင့် ၂ဝ ဒီဂရီ ၂၅ မိနစ်အကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၅ မိနစ်နှင့် ၉၆ ဒီဂရီ ၄၅ မိနစ်အကြား၊ ပျဉ်းမနားမြို့၏ အနောက်ဘက်တွင် တောင်မြောက် သွယ်တန်းလျက် တည်ရှိပါသည်။
နေပြည်တော်၏ မြောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်၊ တောင်ဘက်တွင် ကရင်ပြည်နယ် သံတောင်မြို့ နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ ရေတာရှည်မြို့နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်များ၊ အနောက်ဘက်တွင် မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်တို့ အသီးသီးတည်ရှိကြပါသည်။
၂၀၀၂ ခုနှစ် ဇွန်လတွင် အထူးဖွံ့ဖြိုးရေးစီမံကိန်း နယ်မြေအဖြစ် ပျဉ်းမနားမြို့၏ အနောက်ဘက် ပျဉ်းမနား-တောင်ညိုကားလမ်း၊ မိုင်တိုင်အမှတ် (၅/၇) ရှိ ကြက်ပြေးကျေးရွာ (ယခု သပြေကုန်းအဝိုင်းအနီး) ကို ဗဟိုပြု၍ အချင်းဝက် (၇) မိုင်အတွင်းနယ်မြေအား အကြမ်းဖျဉ်းသတ်မှတ်ကာ ငလိုက်ချောင်း၏မြောက် ဘက်ခြမ်းအား အုပ်ချုပ်ရေးဇုန်အဖြစ်လည်းကောင်း၊ တောင်ဘက်ခြမ်းအား လူနေဇုန်၊ အခြားဝန်ဆောင်မှုများအဖြစ်လည်ကောင်း
သတ်မှတ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံဖြိုးရေး
ဦးစီးဌာနက ၂၀၀၄ခုနှစ် ဖေဖော်ဝါရီလ
တွင် နေပြည်တော်မြို့ပြစီမံကိန်းအား
ရေးဆွဲခဲ့ပါသည်။
နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်ပြီး အရှေ့နှင့် အနောက် ၅၇ ဒသမ ၆ မိုင်၊ တောင်နှင့်မြောက် ၈၆ ဒသမ ၄ မိုင် ရှည်လျားကာ စုစုပေါင်းဧရိယာစတုရန်း မိုင် ၃၄၂၉ ဒသမ ၆၈ မိုင်ရှိပြီး မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသတွင် တည်ရှိသည်။ အရှေ့ဘက်နှင့်အနောက်ဘက်များတွင် တောင်တန်း၊ တောင်ကုန်း၊ တောင်စွယ်များရှိပြီး အနောက်မြောက်ဘက် နှင့်အရှေ့မြောက်ဘက်မှမြင့်၍ တောင်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ ကျယ်ပြန့်သော မြေနိမ့်လွင်ပြင် များလည်းရှိသည်။
၂ဝဝ၃ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌရုံးက . အထူးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် ယခင်နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး နေပြည်တော်
ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့်ကို တာဝန်. ပေးအပ်ခဲ့ပါသည်။
နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများ ကို ယခင်နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စတင်ဆောင်ရွက်စေခဲ့ပြီး ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် နိုင်ငံတော် ဝန်ကြီးချုပ်တာဝန်မှ အနားယူသွားပြီးနောက် ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ယခုနိုင်ငံတော်ဒုတိယ သမ္မတ-ငြိမ်း) က နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား .. ရန်ပုံငွေစိစစ်ခြင်းနှင့် ဒီဇိုင်းပုံစံများ အတည်ပြုပေးခြင်း များကို ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
အထူးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏အတွင်းရေးမှူးမှာ စီမံကိန်းစတင်ချိန်မှ ၂ဝဝ၇ ခုနှစ်ထိ ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက် ချုပ်ရုံးမှ ဒုတိယစစ်ထောက်ချုပ် ဗိုလ်မှူးကြီးဇော်လင်း (ငြိမ်း) နှင့် ၂ဝဝ၇ ခုနှစ်မှ စီမံကိန်းပြီးဆုံးသည်အထိ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးမှ အကြံပေးအရာရှိ ဗိုလ်မှူးကြီး ကံချွန် (နောင်နေပြည်တော်ကောင်စီဝင်-ငြိမ်း) နှင့် တွဲဖက် အတွင်းရေးမှူးမှာ စည်ပင်သာယာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ယခု-ငြိမ်း) ဗိုလ်မှူးကြီး မျိုးမြင့် တို့ဖြစ်သည်။
အဖွဲ့ဝင်များအဖြစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန တို့မှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ အကြံပေးအရာရှိ စသည့်သူတို့အပါအဝင် အင်အား ကိုးဦးဖြင့် ဆောင်ရွက်ခဲ့ပါသည်။
ကြီးကြပ်မှုကော်မတီက အရည်အသွေးထိန်းသိမ်းရေး လုပ်ငန်းဆပ်ကော်မတီ၊ လုပ်ငန်းပြီးစီးမှု စစ်ဆေးရေး ဆပ်ကော်မတီ၊ အဆောက်အဦးလုပ်ငန်းတန်ဖိုး စစ်ဆေးရေးဆပ်ကော်မတီ၊ အဆောက်အဦနေရာချ ထားရေးဆပ်ကော်မတီ၊ လျှပ်စစ်ပိုင်းဆိုင်ရာ ကြီးကြပ် စစ်ဆေးရေးဆပ်ကော်မတီ၊ ဆက်သွယ်ရေးဆိုင်ရာ ကြီးကြပ်စစ်ဆေးရေးဆပ်ကော်မတီ၊ ဒေသန္တရတန်ဖိုး မှတ်တမ်းတင်ရေးဆပ်ကော်မတီတို့ကို ထပ်မံဖွဲ့စည်းပြီး
ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အထူး ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းကြီးကြပ်မှုအဖွဲ့အား ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား ၁၈ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး စီမံကိန်းကာလတစ်လျှောက် အထူးဖွံ့ဖြိုးရေးစီမံကိန်း အနီးကပ်ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကိုပါ ဖွဲ့စည်းခဲ့ရာ ယင်းတွင် အရာထမ်း၊ အမှုထမ်းအင်အား ၃၆၂ ဦး ပါဝင်ခဲ့သည်။
ပန္နက်ရိုက်ခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
အထူးဖွံ့ဖြိုးရေးစီမံကိန်းသည် ကာလအားဖြင့် ၁၁ နှစ်ကြာမြင့်ခဲ့ပြီး စီမံကိန်းစတင်ခဲ့သည့် ၂၀၀၃၂၀၀၄ မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်ထိ ရှစ်နှစ်တာ ကာလ စီမံကိန်းလုပ်ငန်းများကို နိုင်ငံတော်ဝန်ကြီးချုပ် ရုံး ရန်ပုံငွေဖြင့်လည်းကောင်း၊ ၂၀၁၁-၂၀၁၂ မှ ၂၀၁၂၂၀၁၃ ဘဏ္ဍာရေးနှစ်ထိ နှစ်နှစ်တာကာလ စီမံကိန်း လုပ်ငန်းများအား နိုင်ငံတော်သမ္မတရုံး ရန်ပုံငွေဖြင့် လည်းကောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလ စီမံကိန်းလုပ်ငန်းများကို နေပြည်တော်ကောင်စီ (အထူးဖွံ့ဖြိုးရေးစီမံကိန်း) ရန်ပုံငွေဖြင့်လည်းကောင်း ကျခံဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၁ နှစ်တာ အတွင်း အထူးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ကြီးကြပ်မှု ကော်မတီ၏ကြီးကြပ်မှုဖြင့် ပုဂ္ဂလိကဆောက်လုပ်ရေး ကော်မတီ ၅၉ ခု၊ မြေယာအလှကုမ္ပဏီ ၆ ခုထံသို့ လုပ်ငန်းအပ်နှံသည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး လက်အောက်ခံ စစ်အင်ဂျင်နီယာ
နေပြည်တော် တပ်ဖွဲ့များကလည်း စီမံကိန်း၏အစိတ်အပိုင်းအချို့ကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ အုပ်ချုပ်ရေးဆိုင်ရာနှင့် အုပ်ချုပ်ရေးအထောက်အကူပြု အဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးအတွက် လိုအပ်သောအဆောက် အအုံများ၊ အများပြည်သူနှင့်သက်ဆိုင်သော အပန်းဖြေ နေရာများ၊ မြေယာရှုခင်းအလှများ စသည်တို့ကို အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။
သမ္မတအိမ်တော်၊ ဒုတိယသမ္မတအဆင့်ရှိသူ များ၏နေအိမ်များ၊ ဝန်ကြီးရုံး ၅၅ ရုံး၊ လွှတ်တော် အဆောက်အအုံများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သတင်းစာတိုက်နှင့်
ပုံနှိပ်တိုက်၊အမျိုးသာပြတိုက်၊အမျိုး
သားမှတ်တမ်း မော်ကွန်းတိုက်၊မြန်မာ့
ကွန်ဗင်းရှင်းစင်တာ(၁)နှင့်(၂)
ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီး၊ခုတင်
၁၀၀၀ ဆံ ပြည်သူ့ဆေးရုံကြီး၊
အထွေထွေအြပ်ချုပ်ရေးဦးစီးဌာန
(ဥတ္တရ နှင့်ဒက္ခိဏ)ရုံးများ၊ဝန်ထမ်း
အိမ်ရာ ၁၂၉၃လုံး(၂၃၅၂၆ခန်း)
တံတား၄၅စင်း၊ကွန်ကရစ်လမ်း
၄၇၃ဒသမ ၉၈၅
မိုင်၊ ကတ္တရာလမ်း ၁၀၄ မိုင်၊ ကျောက်ခင်းလမ်း ၃၅ ဒသမ ၄၆၈ မိုင်၊ ရိစာလမ်း ၈၃ မိုင်၊ နေပြည်တော် ရေပေးရေးလုပ်ငန်း၊ ရေဆိုးသန့်စင်ခြင်း၊ လျှပ်စစ်ဓာတ် အားပေးဖြန့်ဖြူးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေးစနစ်၊ မြေယာ ... အလှရှုခင်းလုပ်ငန်းများနှင့် မြို့ကွက်သစ်များ ဖော် ထုတ်ခြင်း၊ စက်မှုဇုန်များ သတ်မှတ်ပေးခြင်းနှင့် ရွှေ့ပြောင်းကျေးရွာများကို ပြန်လည်နေရာချထား … ပေးခြင်းလုပ်ငန်းများကိုလည်း တစ်ချိန်တည်း၊ တစ်ပြိုင် တည်း ဆောင်ရွက်ခဲ့သည်။
မြို့ကွက်သစ်များ ဖော်ထုတ်မှုအနေဖြင့် ဥတ္တရ သီရိမြို့၊ ဒက္ခိဏသီရိမြို့၊ ပုဗ္ဗသီရိမြို့တို့တွင် လူနေ
ရပ်ကွက်အဖြစ် မြေကွက် ၁၉,၇၅၀ ကွက် ဖော်ထုတ် ခဲ့ပြီး မြေကွက်အမျိုးအစားများမှာ ၁ ဧက၊ ပေ ၂၀၀ ပတ်လည်၊ ပေ ၁၅၀ ပတ်လည်၊ ပေ ၁၂၀ ပတ်လည်၊ ပတ်လည်၊ ပေ ၈ဝ ပတ်လည်၊ ပတ်လည်၊ ပေ ၆၀ x ၄၀ ပေ၊ ပေ ၁ဝဝ × ၂၀၀ (Shop house) စသည်ဖြင့် မျိုးစုံပါဝင်သည်။
ပြည်ပသံတမန်အိမ်ရာများအတွက် ပေ ၅ဝဝပတ်လည် မြေကွက် ၁၂ဝ ကွက်၊ ပြည်ပ စစ်သံမှူးများ အိမ်ရာအတွက် ပေ ၃၀၀ ပတ်လည်မြေကွက် ၅၀ ကွက်၊ ပုဗ္ဗသီရိမြို့နယ်တွင် စစ်မှုထမ်းများကို နေရာ ချထားရန် ပေ ၈၀ ပတ်လည်၊ ပေ ၆၀ x ၈၀၊ ပေ ၆ဝ x ၄ဝ စသည်ဖြင့် စုစုပေါင်း ၁၃ဝ၅၆ ကွက်တို့ကို ဖော်ထုတ်ခဲ့သည်။ ထိုသို့ မြို့ကွက်ဖော်ထုတ်ခဲ့ရာတွင် မြို့ပြစီမံကိန်းနှင့်အညီ ကြားခံမြေ (Buffer Zone) များ ကိုလည်း ထည့်သွင်းစီမံပေးခဲ့သည်။
မြန်မာနိုင်ငံမြို့တော်သစ် အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်တွင် ဝန်ကြီးဌာနရုံးများ၊ အရာထမ်း၊ အမှုထမ်း အိမ်ရာများ တည်ဆောက်ပြီးစီးချိန်တွင် အစိုးရဝန်ကြီးဌာနအသီးသီးရှိ အရာထမ်း၊ အမှုထမ်း များ၊ မော်တော်ယာဉ်များ၊ စက်ယန္တရားများ၊ ပရိဘောဂ ပစ္စည်းများ၊ ရုံးသုံးစက်ကရိယာများကို မြို့တော်ဟောင်း ရန်ကုန်မြို့ မှ နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးမှ စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ၆-၁၁-၂၀၀၅ ရက်တွင် ပထမအသုတ်အဖြစ် ဝန်ကြီးဌာန ၁၁ ခု၊ ၁၄- ၁၁-၂ဝဝ၅ ရက်တွင် ဒုတိယအသုတ်အဖြစ် ဝန်ကြီး ဌာန ၆ ခု၊ ၁၆-၁၂-၂ဝဝ၅ ရက်တွင် တတိယအသုတ် အဖြစ် ဝန်ကြီးဌာန ၇ ခု၊ ၁၂-၁-၂ဝဝ၆ ရက်တွင် စတုတ္ထအသုတ်အဖြစ် ဝန်ကြီးဌာန ၄ ခုနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ ၂၁၁-၂ဝဝ၆ ရက်တွင် ပဉ္စမအသုတ်အဖြစ် ဝန်ကြီးဌာန ၂ ခု၊ ၂၅-၁-၂ဝဝ၆ ရက်တွင် ဆဋ္ဌမအသုတ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန၊ ၁၂-၂-၂ဝဝ၆ ရက်တွင် သတ္တမအသုတ်အဖြစ် တရားရုံးချုပ်၊ ၁၅-၂-၂၀၀၆ ရက်တွင် အဋ္ဌမအသုတ်အဖြစ် ရှေ့နေချုပ်ရုံး၊ ၁၇-၂၂ဝဝ၆ ရက်တွင် နဝမအသုတ်အဖြစ် စာရင်းစစ်ချုပ်ရုံး တို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အစိုးရအဖွဲ့ယန္တရားများကို ပုံမှန်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါသည်။
ထူးခြားချက်အနေဖြင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် မြို့တော်ဝန်ဖြစ်သည်ဟု ပြဋ္ဌာန်းထား သဖြင့် နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီတာဝန် နှစ်ခုစလုံးကို ပူးတွဲထမ်း
ဆောင်ရပါသည်။
နေပြည်တော်ကောင်စီသည် အုပ်ချုပ်ရေး ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်၍ အုပ်ချုပ်ရေး ကိစ္စများကို ဆောင်ရွက်ရပြီး နေပြည်တော်စည်ပင် သာယာရေးကော်မတီသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ရသည်။
နေပြည်တော်ကို ခရိုင် နှစ်ခရိုင်၊ မြို့နယ် ရှစ် မြို့နယ်၊ ရပ်ကွက် (၅၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၈၇) အုပ်စု၊ ကျေးရွာပေါင်း (၇၉၅) ရွာဖြင့် ဖွဲ့စည်း ထားရှိပြီး လူဦးရေစုစုပေါင်း ၁၁၁၂၃၂၃ ဦး နေထိုင် လျက်ရှိသည်။ နေပြည်တော်ကောင်စီကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ တစ်ဦး၊ နေပြည်တော်ကောင်စီဝင် ငါးဦးနှင့် အတွင်းရေးမှူးတစ်ဦးတို့ဖြင့် ဖွဲ့စည်းထားရှိ ပါသည်။
နေပြည်တော်နှင့်ပက်သက်၍
ပညာရေး၊ကျန်းမာရေး ၊စီးပွါးရေး၊အပန်းဖြေ၊သာသနာဆိုင်ရာ၊
ပို့ဆောင်ရေး၊လျှပ်စစ်မီးလင်းရေး၊နိုင်ငံတကာ ရေးရာ ကိစ္စ ရပ်များကို
ဖော်ပြရန် ချပ်လှပ် ထားခဲ့ပါသည်။
credit,
Post a Comment