ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ရုရှားက နူကလီးယားလက်နက်သုံးနိုင်တယ်လို့ ရုရှားသမ္မတဟောင်းပြောဆို

ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ဗ်က ရုရှားအနေနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် နူကလီးယားလက်နက်တွေကို အသုံးပြုနိုင်တယ်လို့ ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ ယူကရိန်းနိုင်ငံတွင်း ပေါင်းစည်းထားတဲ့ နယ်မြေတွေကို ကာကွယ်ဖို့ နည်းလမ်းအားလုံးကို
အသုံးပြုနိုင်ကြောင်း မက်ဗီဒက်ဗ်က အခိုင်အမာပြောဆိုခဲ့ပြီး  နိုင်ငံတနိုင်ငံ ဒါမှမဟုတ် အဆိုပါနိုင်ငံရဲ့ မဟာမိတ်တွေက တူညီတဲ့လက်နက်နဲ့ တိုက်ခိုက်လာရင် ဒါမှမဟုတ် ရုရှားက အန္တရာယ်ကြုံလာရင် ဒီလိုမျိုးအသုံးပြုနိုင်တယ်လို့ ရုရှားရဲ့ လုံခြုံရေးကောင်စီ
ဒုတိယဥက္ကဌတာဝန်ကို ရယူထားတဲ့ မက်ဗီဒက်ဗ်က တွစ်တာမှာရေးသားခဲ့တာပါ။

ယူကရိန်းကို နူကလီးယားလက်နက်ရရှိအောင် ကူညီမှုတွေမလုပ်ဖို့လည်း အနောက်အုပ်စုကို သူက သတိပေးခဲ့ပြီး ဆိုးရွားတဲ့အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။ "ရုရှားအတွက်တော့ ဒီခြိမ်းခြောက်မှုတွေက သတ်မှတ်ထားတဲ့ အန္တရာယ်
ကန့်သတ်ချက်ကို ကျော်လွန်နေတယ်ဆိုရင် တုံ့ပြန်ရမှာပဲ" လို့ သူက ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ဝါရှင်တန်၊ လန်ဒန်နဲ့ ဘရပ်ဆဲလ်တို့အတွက်လည်း သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးဟာ ယူကရိန်းသေဆုံးမယ့် ကံကြမ္မာထက် ပိုအရေးကြီးတဲ့အချိန်မှာတောင် နေတိုးက
ဒီပဋိပက္ခကို ဝင်စွက်ဖက်လိမ့်မယ်လို့လည်း သံသယရှိကြောင်း သူက ပြောဆိုခဲ့ပါတယ်။

NOM

Post a Comment

Previous Post Next Post