CDM ဆိုတဲ့စကား ဘယ်အသိုင်းအဝိုင်းက စထွက်လာတာလဲ။ ပြောရရင် အနီထောက်ခံတဲ့ ဆရာဝန်အသိုင်းအဝိုင်း ကစထွက်လာတာပါ။
ဇော်ဝေစိုးဟာ ကိုဗစ်အစပိုင်းကာလတုန်းက တီဗီမှာ ရှေ့ထွက်ပြီး လုပ်ကွက်ပြထားလေတော့ NLD နိုင်ရင် ကျန်းမာရေးဝန်ကြီး သေချာပေါက်ဖြစ်ပြီလို တွက်ထားပုံရတယ်။ အဲ့အချိန် NLD ကမဲခိုးပြီး ဒီဖြစ်စဉ်တွေဖြစ်လေတော့ ခဲလေသမျှသဲရေကျသွားတဲ့ ပြောင်ကြီးရဲ့ ဆောက်တည်ရာမရ လျှောက်လုပ်တဲ့ထဲမှာ CDM ဆိုပြီးပါလာတာပါ။
ဇော်ဝေစိုးဟာ ဆေး-၁ ပါချုပ်ဖြစ်ပြီး အရိုးအကြောအထူးကုဆိုတော့ သူ့တပည့်နဲ့ အနီဆရာဝန်တော်တော်များများရဲ့ စည်းရုံးမှုနဲ့ ကျန်းမာရေးအသိုင်းအဝိုင်းက စပြီး CDM ဆိုတဲ့ စကား ကျယ်ကျယ်လောင်လောင် ထွက်လာတာပါ။
အဲ့ကနေမှတစ်ဆင့် အနုပညာရှင်တွေရဲ့အားနဲ့ ဆွဲဆောင်စည်းရုံးပြီး အောင်မြင်တော့မလိုတွေ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။ CDM သမားတွေဘဝပျက်ပြီး အကုန်ဒုက္ခရောက်ကုန်ကြပါတယ်။ CDM တွေကို ထောက်ပံ့မယ်ဆိုပြီး အလှူငွေတွေသာကောက်တယ် ဘယ်သူမှ ရမသွားရှာဘဲ NUG ကဘဲတွေ အဆင့်လိုက် ရာခိုင်နှုန်းနဲ့ ယူသွားကြပါတယ်။
နောက်ဆုံးတော့ ဇော်ဝေစိုးရဲ့ ဂျင်းကို စားသုံးမိတဲ့ ဝန်ထမ်းတွေပဲ ထိခိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့သာ ပြီးဆုံးသွားပါတယ်။
Subscribe - Fossil News
Post a Comment