UEC မှာအစစ်အဆေးမခံရသေးတဲ့ NLD က လာမယ့်ရွေးကောက်ပွဲကိုအသိအမှတ်မပြုဟုဆို

လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး စစ်ဆေးဖို့ကျန်ရှိနေတဲ့ နိုင်ငံရေးပါတီ ခုနစ်ပါတီထဲမှာပါရှိနေတဲ့ NLD ပါတီဟာ နစက က ကျင်းပပေးမယ့် ရွေးကောက်ပွဲကိုအသိအမှတ်မပြုဘူးလို့ ပြောပါတယ်။

လွတ်လပ်ပြီးတရားမျှတဲ့ နောက်ထပ်ရွေးကောက်ပွဲရလဒ်တစ်ခု နောက်ထပ်ပေါ်ပေါက်မလာမီ အချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ် ကျင့်သုံးမယ်လို့ NLD ၏ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

NLD အစိုးရက ကျင်းပပေးတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု (၁၁)သန်း ကျော်ရှိခဲ့ပြီး အသက်(၁၀၀)အထက် မဲဆန္ဒရှင် (၂၀၀၀၀)ကျော်ရှိနေကြောင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ(၄)သန်းကျော်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မသမာမှုပြုခဲ့ပြီး ပြည်သူက ရွေးကောက်တယ်လို့ ပြောဆိုနေပါတယ်။

နိုင်ငံ့အကြပ်အတည်းကို ဖြေရှင်းရာမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးအကျဉ်းသား များအားလုံး လွတ်မြောက်ရေး၊  ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို အကျဉ်း ထောင်မှာ ဖမ်းဆီးထားတာကို ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

NLD ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို သူကျူးလွန်ခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ပုဒ်မ ၅၀၅ (ခ) ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ တွေ အပါအ၀င် စုစုပေါင်း ၁၁ မှုဖြင့် တရားစွဲဆိုထားပြီး သမ္မတဦးဝင်းမြင့်ကို ကျူးလွန်ခဲ့တဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

NLD ထုတ်ပြန်ချက်မှာ NLD အနေနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးကြီး ဆုံးဖြစ်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ် ပေါက်လာရေး ပြင်ဆင်နေပြီး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအင်အားစုအသီးသီးက ထုတ်ပြန်ကြေညာထားတဲ့ မူဝါဒကြေညာစာတမ်းတွေ အားလုံးကို ထည့်သွင်းစဉ်းစားသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post