မောင်တောဆရာမကြီးအား AA အဖွဲ့မှ လူမျိုးရေးဆန်စွာ သတ်ခဲ့ကြောင်း ရေးသားခဲ့သည့် ကျောက်ဖြူအမတ်အား AA အဖွဲ့မှဖမ်းဆီးသွား


ပြီးခဲ့သည့် ရက်ပိုင်းက မောင်တောခရိုင် ပညာရေးမှူး ဆရာမ ဒေါ်မြင့်မြင့်ဆန်းအား AA အဖွဲ့မှ ဆရာ/ဆရာမများထံမှ ဆက်ကြေးမကောက်ပေးလို့ဟုဆိုကာ ရုံးပေါ်မှာပင် ဓားဖြင့်ထိုးသတ်ခဲ့သည့်ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး ကျောက်ဖြူအမတ်ဟောင်း ဦးကျော်လွင်မှ မည်သည့်အဖွဲ့ဖြစ်ကြောင်း ၎င်း၏ Facebook လူမှုကွန်ယက်အကောင့်မှနေ၍ ရေးသားခဲ့ရာ AA အဖွဲ့ဝင်များမှ ဖုန်းဖြင့်လည်းကောင်း၊ အွန်လိုင်းမှတဆင့်လည်းကောင်း Post မဖျက်ပေးပါက သတ်မည်ဟူ ခြိမ်းခြောက်ခဲ့သဖြင့် ပို့စ်အား နာရီပိုင်းအတွင်း ဖျက်ခဲ့ကြောင်းသိရှိရသည်။ ထိုစာဖျက်ပြီးနောက်ပိုင်းတွင်လည်း ဖြေရှင်းချက်ရေးခိုင်းသောကြောင့် ၎င်းအကောင့်မှနေ၍ ရေးသားခဲ့ရကြောင်း သိရှိရသည်။ ထိုသို့ ရေးသားပေးခဲ့သော်လည်း AA အဖွဲ့မှ မကျေနပ်သေးဘဲ လူပါဖမ်းဆီးသွားပြီး နှိပ်စက်လျက်ရှိကာ ခုချိန်ထိပြန်မလွှတ်ပေးသေးလို့ မိသားစုဝင်များမှ သတ်ပစ်မည်ကို စိုးရိမ်နေကျကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

Photo ကျောက်ဖြူအမတ်ရေးသားခဲ့သည့်ပိုစ့်

Post a Comment

Previous Post Next Post