ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာနေပြီး ချင်းလူမျိုးတွေကို ဖိနှိပ်အနိုင်ကျင့်နေတဲ့ ရခိုင်အဖွဲ့ AA အား တိုက်ထုတ်ရန် CNF/CDF ပလက်ဝမြို့အတွင်းရှိရွာများသို့ဝင်လာပြီဖြစ်ကြောင်း သိရပြီး ဒေသခံတွေ ကလည်း ကြိုဆိုခဲ့ကျတယ်လို့ သိရပါတယ်။
“မနေ့ကရွာကိုဝင်လာတာ အင်အားသွားဖြည့်ဖို့လို့တော့ သိရတယ်၊ အဲ့ဒီဘက်မှာတင်မဟုတ်ဘူး ပလက်ဝအရှေ့ခြမ်းရော၊ အနောက်ခြမ်းရော AA အဖွဲ့တွေက အခွန်ကောက်တယ်၊ အကောင်ပလောင်တွေဆိုလည်း သတ်ပြီး ငွေမပေးဘူး ခွာကအစအကုန်ယူတာ၊ ဒါကြောင့် ဘယ်သူ့ကိုအားကိုးရမလဲ မသိတဲ့အချိန် CNF/CDF ဝင်လာတာဆိုတော့ ကြိုရမှာပေါ၊ သံထောင် ဘက်မှာက နေရာလုနေတာကြောင့် ပဋိပက္ခတွေ ဖြစ်နေတယ်လို့သိရတယ်၊ မြောက်ပိုင်းမှာ အရင်ခြေပြုပြီး တဖြေးဖြေး တိုက်ထုတ်မှာလို့တော့ ပြောနေသံကြားတယ်” ဟု အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် လပိုင်းကလည်း လက်ဝမြို့အတွင်း စည်းရုံးရေးမဆင်းရန် AA တားဆီးခြင်းခံထားရသည့် ချင်းလက်နက်ကိုင်အဖွဲ့(CNF)အဖွဲ့မှ ချင်းတောင်ပိုင်းတာဝန်ခံ ဆလိုင်းဟုန်းနိုင်အနေဖြင့် AA အဖွဲ့မှ အကြိမ်ကြိမ်တားဆီးနေသော်လည်း နှစ်ဖွဲ့ကြား တင်းမာနေသည့်ကြားမှ ၂၆ - ၉ - ၂၀၂၂ ရက်နေ့က ပလက်ဝမြို့အတွင်းရှိ အောက်သံထောင်၊ ဖားခင်၊ ဂါရာပြင် စသည့် ရွာများသို့ စည်းရုံးရေးဆင်းခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပြီး ထိုသို့စည်းရုံးရေးဆင်းစဉ် AA အဖွဲ့မှ နှောက်ယှက်ခြင်းအမျိုးမျိုး ဆောင်ရွက်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရသည်။
AA အဖွဲ့နှင့် CNF/CDF အဖွဲ့တို့အနေဖြင့် စစ်တပ်ကထားသည့် သံထောင်စခန်းအား နယ်မြေလုနေပြီး မရပါက စစ်ရေးအရဖြေရှင်းမည်ဟု ဆိုကာ ပြင်ဆင်နေကျပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပလက်ဝ မြို့နယ်အတွင်းက ချင်းရွာတစ်ရွာမှာ နွားသွားယူသည့် AA အဖွဲ့ဝင်များအား CDF အဖွဲ့ဝင်များက ဖမ်းဆီးခြင်း၊ တပ်ချောင်းရွာဘက် သွားရောက်ခဲ့သည့် CDF အဖွဲ့ဝင်များအား AA အဖွဲ့မှ ပြန်လည်ဖမ်းဆီးခြင်းများရှိခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
crd ခူမီးမီဒီယာ
Post a Comment