စေတီတောင်တွင် AA တပ်ဖွဲ့ဝင် ဘင်များနှင့်ရခိုင်လူမျိုးများကြား စကားများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပွား


အောက်တိုဘလ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီခန့်ကAA ဒဏ်ရာရလူနာများကို ဆေးကုသပေးနေသည့် ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ရွာနားရှိ AA ဆေးခန်းတွင် ဒဏ်ရာရလူနာအားကျွေးသည့် ဟင်းထဲတွင် ဝက်ဆီထည့်ချက်ထားသောကြောင့် ဘင်အဖွဲ့ခေါင်းဆောင်မှ  ဟင်းထပ်မံချက်ပေးရန် ပြောသည့်အခါ ရခိုင်ခေါင်းဆောင်ဆိုသူမှ မချက်ပေးနိုင်ကြောင်း
ပြောကာ လူမျိုးရေးအရနှိမ့်ချသည့် စကားများမဖြင့် ရိုင်းဆိုင်းစွာပြောသဖြင့် အချင်းချင်းစကားများကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံဘင်များထံမှ သိရှိရသည်။
-
သေဆုံးသူ ရခိုင်လူမျိုး ၁ ဦးအား ဗုဒ္ဓဘာသာထုံးတမ်း စဉ်လာအတိုင်း မြေမြုပ်ခဲ့သော်လည်း ဘင် ၂ ဦးကိုမူအစ္စလာမ်ဘာသာအတိုင်း မလုပ်ဘူးဘဲ မြေကျင်းတူးပြီးမြုပ်ခဲ့လို့ အချင်းချင်းကြားတင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
#KT

Post a Comment

Previous Post Next Post