AA အဖွဲ့မှ ကုလားတန်မြစ်အတွင်း သွားလာသည့် စက်လှေများ ဖမ်းဆီးခြင်းများပြုလုပ်နေတာကြောင့် ပလက်ဝတွင် ဆန်ဈေးနှုန်းမြင့်တက် လာယုံသာမက ပြတ်လပ်မှုများပါရှိနေကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် ကုလားတန်မြစ်အတွင်း သွားလာသောသူများထဲမှ ၈ ဦးဖမ်းဆီးခြင်းခံထားရပြီး မိသားစုများနှင့် အဆက်အသွယ်ပျက်နေကာ မည့်သည့်အခြေအနေရောက်နေသည်ကိုပင် မသိရှိရသေးကြောင်း ပလက်ဝ ဒေသခံများထံမှ သိရှိရသည်။
၂၀၂၂ ခုနှစ်၊ ၆ လပိုင်းမှာစ၍ မှစ၍ AA လက်နက်ကိုင်အဖွဲ့မှ ရွှေပြည်ကျေးရွာအနီးနှင့် သံပုရာထောင့်ကျေးရွာအနီး စက်လှေ ဆိပ်နေရာများတွင် ကုလားတန်မြစ်အတွင်း သွားလာလျက် ရှိသော စက်လှေများအား ခေါ်ယူစစ်ဆေးခြင်း၊ ဖမ်းဆီးပိတ်ဆို့ခြင်းများ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဒေသခံများထံမှ သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ဆမီးမြို့များအတွက် လိုအပ်သော ဆန်နှင့် ကုန်ပစ္စည်းများအား ကျောက်တော်မြို့မှ ကုလားတန်မြစ်အတိုင်း စက်လှေများဖြင့် ဝယ်ယူ၍ပလက်ဝမြို့နှင့် ဆမီးမြို့များတွင် ပြန်လည် ရောင်းချပေးလျက်ရှိရာ ယခုလိုအခြေအနေကြောင့် ကုန်စက်လှေများ ရပ်နားထားရကာ ပလက်ဝနှင့် စမီးဒေသတို့တွင် ဆန်ဈေးနှုန်းများ တက်လာသည့် အပြင် ပြတ်လပ်မှုနှင့်ပါ ရင်ဆိုင်နေရတာဖြစ်ကြောင်း သိရှိရသည်။
#YeimNwetPer
#Palwtwa

Post a Comment